( 15 ) Epilogue

3.7K 276 18
                                    

" စစ်သူကြီးရဲ့ ပုန်ကန်မှုတဲ့လားအဟက်! "

သွေးချင်းချင်းရဲနေတဲ့ ဓားကိုကိုင်ထားတဲ့ စစ်သူကြီးကိုကြည့်ပြီး လှောင်ရယ်လိုက်တဲ့ ဧကရာဇ်ကြောင့် ပုန်ကန်သူလျှိုရဲ့ လက်သီးစုတ်က တင်းကြပ်သွားတယ်။ အသက်ငယ်သလောက် အဆိပ်ပြင်းလိုက်တဲ့ ဧကရာဇ်။

အရင်ဧကရာဇ်က ကြိုးဆွဲရာကသလောက် သူ့သားတော်ရဲ့ အာဏာက အဆုံးမရှိအောင်ကျယ်ပြန့်တယ်။ လျှိုချင်းရာနဲ့ လျှိုအိမ်တော်ကို ခြေချုပ်မိအောင် လျှိုချင်းရာသမီးကိို မိဖုရားအရာပေး အခွံသက်သက် အနောက်ဆောင်ကို အုပ်ချုပ်စေတယ်။ချန်ဦးရီးတော်ရဲ့ စစ်အင်အားကို နန်းတွင်းတပ်နဲ့ပေါင်းစည်းနိုင်ဖို့ ကြားခံက အမျိုးသားကြင်ယာတော်ရှောင်း။မေတ္တာတွေအချစ်တွေ ဘေးနားထားပြီး အားနည်းချက်မှန်းမသိသာစေရအောင် တိတ်တဆိတ်စောင့်ရှောက်မှု။

ကြင်ယာတော်ရှောင်းရဲ့ မျိုးရိုးက အရင်မင်းဆက်ရဲ့ တစ်ဦးတည်းသောနောက်ဆုံးမျိုးဆက်။အရင်ဧကရာဇ်ရဲ့ အတ္တကြောင့် သေဆုံးသွားရတဲ့ တာ့ချန်မင်းဆက်ရဲ့ မင်းသမီးသွေးသား။နန်းလုမှာကိုတောင်မစိုးရွံ့ပဲ သေတဲ့အထိ အနားမှာထားသွားတဲ့ ရှောင်းသခင်လေးက အရင်ဝမ်ဧကရာဇ်အချစ်ဦး မင်းသမီးရဲ့သွေးသားမိုလို့တဲ့။

အရင်ဧကရာဇ်ရဲ့ သေဆုံးမှုကို သံသယဝင်ခံရတဲ့ လျှိုအိမ်တော်ကို အာဏာမကျယ်ပြန့်အောင် လျှိုမိဖုရားကို နန်းသွေးလွယ်မရအောင် အခွင့်အရေးမပေးတာကိုကြည့်။

တာ့ရှန်းပြည်နဲ့ပူးပေါင်းဖို့ ဦးရီးတော်နဲ့ တာ့ရီရှန်းစန်းရဲ့ နယ်မြေခြားအချစ်။လည်လွန်းလှတဲ့ ဧကရာဇ်ရဲ့ ရွှေဥာဏ်တော်က အရင်ဧကရာဇ်ရဲ့ သေဆုံးမှုကို တူးဖော်လိုက်တာနဲ့ လျှိုအိမ်တော်ရဲ့ နောက်ဆုံးအချိန်က ဝမ်ရိပေါ်လက်ထဲမှာ ဖြစ်သွားနိုင်တယ်။ဓားကိုကိုင်စွဲလို့ စစ်သည်တော်ခြံရံပြီး ပုန်ကန်မှုကို တစ်ဖက်လှည့်နဲ့အစပျိုးစေတဲ့ ဧကရာဇ်က လျှိုအိမ်တော်ကို သမိုင်းမှာ ခြေစလက်နမကျန်အောင် ဖျက်ပစ်လိုက်လို့ရသွားတယ်။

ဘေးအန္တရာယ်တွေရဲ့အဆုံးသတ်ကို ချမှတ်အမိန့်ပေးမဲ့ အဆိပ်ပြင်းတဲ့ဧကရာဇ်တစ်ပါး။

You've reached the end of published parts.

⏰ Last updated: Oct 16, 2021 ⏰

Add this story to your Library to get notified about new parts!

𝙇𝙚𝙜𝙚𝙣𝙙 𝙊𝙛 𝙓𝙞𝙖𝙤..... Where stories live. Discover now