( 11 )

2.5K 291 9
                                    

နွီလော်ပန်းတွေကို ကြည့်ရင်း အတွေးများနေတဲ့ကျန့်က ဦးရီးတော်ရှိနေတာကိုတောင် မေ့လျော့နေခဲ့တယ်။

" ကျန့်အာ... "

" ........ "

" ဒီကလေးကတော့..... "

" အာ... ဦးရီးတော် "

" အတွေးများတာ ခန္ဓာကိုယ်အတွက် မကောင်းဘူး မြေးတော်လေးကျန်းမာဖို့ အတွေးတွေလျှော့ "

" ဟုတ်ကဲ့ "

ဦးရီးတော်ရဲ့ဆူခံထိနေတုန်း ရုတ်ချည်း ရောက်လာတဲ့ တာ့ရီရှန်းစန်း။

" ကြင်ယာတော်လေးကို သိပ်မဆူပါနဲ့ ချန်ဦးရီးတော် "

" မင်းသမီး "

" ချန်ဦးရီးတော်ကို အရိုအသေပေးပါတယ် "

" ထပါ မင်းသမီး "

" ကျေးဇူးပါ ချန်ဦးရီးတော် "

" မင်းသမီးက ဘာအရေးကိစ္စနဲ့များ ကျန့်အာဆီရောက်လာရတာလဲ "

" ချန်ဦးရီးတော်စိတ်မပူပါနဲ့ ကြင်ယာတော်လေးကို ရှန်းအာက မောင်လေးလို ခင်မိလို့ အမြဲအလည်ပတ်လာနေကျပါ "

" ကျန့်အာကို ဂရုတစိုက်ရှိပေးတာ မင်းသမီးကို ကျေးဇူးတင်ပါတယ် "

" မလိုအပ်ပါဘူး ချန်ဦးရီးတော် "

" ဥယျာဉ်ထဲက နားနေဆောင်ကို သွားရအောင် ဦးရီးတော် ကျန့်အာက နေပူထဲ အကြာကြီးနေလို့မဖြစ်ဘူး "

" မင်းသမီးပြောတဲ့အတိုင်းပါပဲ လာ ကျန့်အာ "

ကုန်းကုန်းရဲ့ရုတ်တရက် ထွက်ပေါ်လာတဲ့အသံ။

"" မင်းကြီး ကြွချီလာပါတယ် ""

" အရှင် "

" တူတော်ဧကရာဇ် "

" အရှင်မင်းကြီး "

" ထကြပါ "

""" ကျေးဇူးတင်ပါတယ် အရှင် """

" နေလို့ကောင်းရဲ့လား ရှောင်း "

" နေသာပါတယ် အရှင် "

" နေပူခံတာနဲ့ လေစိမ်းတိုက်ခံတာက ကလေးအတွက်ရော ရှောင်းအတွက်ရော မကောင်းဘူး ဆေးအကူသုံးယောက်က မပြောကြဘူးလား "

𝙇𝙚𝙜𝙚𝙣𝙙 𝙊𝙛 𝙓𝙞𝙖𝙤..... Wo Geschichten leben. Entdecke jetzt