Epi 8❄️Uni

3.3K 164 26
                                    


'ညီ ထတော့လေ 10နာရီ ထိုး နေပြီ ဘယ်လောက်ထိ တောင် အိပ်ချငိနေတာလဲ

'ကိုကို ကလည်း ကျောင်းပိတ်ရက်လေး အိပ်ရတာကို

'ထဆို ထ တော့ ...
အိပ်တာ များ ရင် လူက ထိုင်းမှိုင်း သွားလိမ့်မယ်
မနက် 10 နာရီဆို တာ တော်တော် လွန်လှပြီ
9နာရီ ကတည်းက နိုးမလို့ သနားလို့ မနေ့က အဆော်ခံထားရလို့ အလိုလိုက်ပြီး ပေးအိပ်ထားတာ
မင်း ဟာ လေ ...နည်းနည်းလေး အခွင့်အရေး ပေးရင် ရောင့်တက်လာတာ

'ကဲ ထပြီ ကိုကို ရေ ထပြီ တကတည်း လူပျိုကြီး လို့ မပြောရဘူး ပွစိ ပွစိ နဲ့

'အောင်မာ အောင်မာ  ဒင်း နဲ့ ၃လ လောက်လေး ကွာတာများ .... 
သွား မျက်နှာ သွားသစ် ..... လဖ္ဘက်ရည် ဆိုင် အတူမထိုင်တာ ကြာပြီ မလား ....

'ဟုတ်တယ် ဟုတ်တယ် သွားမယ် ကိုကို ...ခနလေးပဲ စောင့်
ဟင် လက်ဖက်ရည်ဆိုင် ဆိုလို့ ဆိုင်ရှင် အကြွေးတောင်းရင် ဒုက္ခ

'ဟာ ဆက်သွင် တို့ ပါလား လာကြ ဟေ့
ညီအကို နှစ်ယောက် တူတူ မလာတာ တောင် ကြာပြီပဲ

'ဟုတ်တယ် ဦးအောင် ရေ ကျွန်တော် မအားနေတာနဲ့ မထိုင်ဖြစ်တာ

'အေ့ ကွာ မင်း သာ မလာ ဖြစ်တာ မင်း ညီ တော့ ရောက်ပ
ဟိတ်ကောင် ရဲရဲ မင်းအကိုဆီက တောင်းရမှာလား လက်ဖက်ရည်ကြွေးတွေ..

သွားပြီ ကိုကို့ ကို ကွယ်ပြီး ခြေဟန် လက်ဟန် ပြကာ မပြောရန် တားမြစ်နေသော မိမိအား မကြည့်ပဲ အလိုက်ကန်းဆိုး မသိ စွာ စွတ်ပြောနေသော
ဦးအောင် ရဲ့ စကားအဆုံး မှုန်သုန် နေသော ကိုကို့ရဲ့ မျက်လုံး တစ်စုံက သူ့ဆီ ဒိုင်းခနဲ ရောက်လာသည်
ရဲဆက်သွင် ရေ မင်း ဘဝ တော့ ဆုံးပြီ ဟ

'ဘယ်လို ဖြစ်ရတာလဲ ညီ ,'

လူကြား ထဲမို့ ဒီလို လေသံ ခပ်အုပ်အုပ် နှင့် ပြောခြင်း ဖြစ်သည်
ရင်ထဲမှာ တော်တော် ပေါက်ကွဲ နေမှာ သူအသိဆုံး
သူ ဘယ်လောက် အချိုး မပြေပြေ လူကြားထဲ ဘယ်တော့မှ အော်ဟစ် ကြိမ်းမောင်းခြင်းမရှိ အိမ်ကျမှ ဆူချင် ဆူ သတ်ချင် သတ်မည်

'ရဲဆက်သွင် ...'

'ဗျာ ဗျာ ...'
အမြန် 'ဗျာ' လိုက် ရ သည် စိတ်မရှည်လျှင် လက်ထဲက လက်ဖက်ရည်ခွက် သူ့ဆီ ရောက်လာနိုင်သည်
အကြည့်.... အိမ်ရောက်လျှင် သေပြီဆိုသောအကြည့်

Sweet December ❄️Where stories live. Discover now