Epi 6 ❄️ Uni+Zaw

4.8K 180 10
                                    

[Zawgyi]
စိတ်တိုသည် စိတ်တိုပြီး ဝမ်းနည်းလာသည် အက်ကွဲ လာတဲ့ သူ့အသံတွေ ကို ညီ မရိပ်မိခင် အိမ်ထဲကို ခြေဦးလှည့်လိုက် သည်
သူမရှိတဲ့ အချိန် ညီ က အခုလို ပဲ ဖြစ်ချင်တိုင်း ဖြစ်နေတာ တဲ့ လား
သူ့စကားတွေကို သူမရှိတာ နဲ့ နားမထောင်တော့ဘူး တဲ့ လား
မီးခိုး တွေက မွှန်ထူ နေပြီး ဘေးနားမှာ ရှိနေတဲ့ ဆေးလိပ်တိုတွေ က 8လိပ် လောက်ရှိမည်.. ဒါတွေ ကို တထိုင်ထည်း သောက်နေတယ် ဆိုတာ တော်ရုံ ဆေးလိပ် သောက်တဲ့ လူတစ်ယောက်မဟုတ်တာ သေချာနေပြီ
အခု သူမိ လိုက်လို့လေ ဘယ်ကတည်း ကနေ ဘယ်အချိန်ထိ သူ့ကွယ်ရာ မှာ ဆက်သောက် နေမှာလဲ
ညီ ချောင်း တဟွတ်ဟွတ် ဖြစ်နေတာကြာပြီ ..... အိမ်ပေါ် အိမ်အောက် ခိုင်းလိုက်ရင် ကို မောနေတာ ....
သူမရှိရင် မရှိသလို ထမင်းစား မမှန်တဲ့ ခန္ဓာကိုယ် က ပိန်ပိန်ပါးပါး ဖြူဖြူဖျော့ဖျော့ကို သူ အားမရ တာကြာပြီ ....
ဒီတခါ ခွင့်ရက်ရှည် ရလျင် ညီ့ကို check up လုပ်ပေးဖို့ သူ စဉ်းစားနေတာ ခုတော့ တရားခံ တွေ့ပြီ
ဆေးလိပ် တင်ပဲ လား ညီ ဘာတွေ လုပ်နေသေးလဲ
သူ ညီ့အကြောင်းတွေကို ကောင်းကောင်း သိပြီ ထင်တာ သူ မှားသွားတာပဲ
ဒီ အတိုင်းဆို ညီ့ကို တစ်ယောက်တည်း ထားလို့ မဖြစ်
သူ ရန်ကုန် ကို transfer လျှောက်ရမည် ညီနဲ့ အတူတူ နေပြီး ညီ့ကို စည်းကမ်းတကျ သူ ထိန်းကျောင်း ရမည်
သူ့မှာ တာဝန်ရှိသည် အကိုကြီး အဖအရာ မဟုတ်လား
အခုလည်း သူ အသုံးမကျ လို့ ညီ ဒီလောက်ထိ ဆိုးနေတာ သူလုံးဝ မသိ
သူ သိတဲ့ ညီက အရမ်း လိမ္မာ သည် သူ တစ်ခွန်း ဆို တစ်ခွန်း ပဲ ... သူက ဒီလိုနေ ဒီလိုထိုင် ဒီလိုစား ရမယ်ဆို 'ဟုတ် ကိုကို ' တခွန်းတည်းမို့ သူ အချစ်ကြီး ချစ်ရသည်
တခါတလေတော့ နွဲ့ဆိုး ဆိုးပြီး ဂျစ်ကန်ကန် လေး နေချင်သည် ဒါကလည်း ခွင့်လွှတ်လို့ ရသည် ဆုံးမလို့ ရခဲ့သည်

သူ့မှာတော့ ပြန်လို့ ရတယ် ဆိုတာ သိသိချင်း အပြေး ပြန်လာခဲ့တာလေ
မြင်လိုက်ရတဲ့ မြင်ကွင်း က ရင်ဝ ကို ခြေထောက် နဲ့ ဆောင့်ကန် ခံလိုက်သလိုပဲ အမောကို ဆို့သွားတာ

ပြန်ရောက်လာသော ကိုကို့လက်ထဲ က leather ခါးပတ် ကို မြင်တော့ သက်ပြင်းသာ ချနိုင် သည် သူတော့ သေပြီမလား ....
ကိုကို အနားရောက်လာတာနဲ့ လက်က အလိုလို ပိုက်မိလျက်သား ...
အခုချိန်တော့ ကိုကို့ ကို သေအောင်ကြောက်နေတာပဲ သိသည် ... မဟုတ်တာ လုပ်ထားတဲ့ လူ ဆိုတော့

Sweet December ❄️Where stories live. Discover now