Epi 7 ❄️ Uni + Zàw

5.8K 193 32
                                    

[Zawgyi]
မိုးလင်း လို့ နိုးလာတော့ အိမ်နေရင်း အကျီ အပွ နဲ့ ဘောင်းဘီ အပွ ....
ဒါဆို ကိုကို သူ့ကို အကျီ လဲ ပေးထားတာပေါ့ .... ဆေးလည်း လိမ်းပေးထားသည်
သူသိသားပဲ သူ့ကိုကို က သူ့ကို အ့လောက် ရက်စက်မှာ မဟုတ်ဘူး ဆိုတာ
ရေချိုးခန်း ဝင် ပြီး ရေချိုးခါနီး တင်ပါးကို မှန်ထဲ ကြည့်တော့ ဖြူဥ နေတဲ့ သူ့အသားရောင်က ညိုညိုပုတ်ပုတ် ဖြစ်နေပြီ
ကြိမ်လုံးဆို အရှိုးရာ နည်းနည်း ပျောက်လျှင် သက်သာသည် အရှိုးရာ ပေါ် ထိုင်မိမှသာ နာတာ
ခါးပတ် က ကျတော့ အတွင်းဒဏ် ဖြစ်သည် ဘယ်နှစ်ရက်နေမှ သက်သာမယ် မသိ မစဉ်းစားချင်တော့ သူ့အပြစ်နဲ့ သူပဲလေ

အောက်ထပ် ဆင်းလာတော့ မီးဖိုခန်း မှာ ကော်ဖီ သောက်ရင်း သတင်းစာ ဖတ်နေတဲ့ ကိုကို့ မြင်တော့ တွန့်သွားမိသည်
မျက်နှာ ကလည်း တင်းနေတာ ပဲ သေချာတာတော့ စိတ်ဆိုး မပြေသေး
သူ ဘာလုပ် ရမလဲ သွားလည်း မခေါ်ရဲ
သူဝင်လာတာ မြင်တော့ ထထွက်သွားသည်
သူ့အတွက်တော့ ပေါင်မုန့် နှစ်ချပ် မီးကင်ပြီး သူကြိုက် တဲ့ စတော်ဘယ်ရီယိုသုပ်ပေးထားသည်
ကော်ဖီ ဖျော်ပြီး ထိုင်ဖို့ ကြိုးစားသည် မရ cushion ပေါ်ထိုင်ဖို့တောင် တစစ်စစ် နဲ့ အတွင်း ကနေ လှိုက်ပြီး နာသည်
မတ်တပ် ရပ် နဲ့ သာ မနက်စာပြီးလိုက်ရသည်
ဧည့်ခန်းမှာ ထိုင်နေတဲ့ ကိုကို ကြည့်ရင်တော့ မြင်နိုင်သည် ဒါမဲ့လည်း ကြည့်မှာ မဟုတ်ပါဘူး
ညီအကို နှစ်ယောက် မနက်စာ တူတူ စားနေကြလေ ခုတော့ သူ တစ်ယောက်တည်း အထီးကျန်စွာ
ဒီအခြေအနေကို သူ လက်မခံနိုင် ကိုကို စိတ်ဆိုးပြေ တဲ့ အထိ သူ တောင်းပန်ဖို့ ဆုံးဖြတ်လိုက်သည်

'ကိုကို ....
သူ့ကို လှည့်တောင် မကြည့်
ကိုကို့ ဘေးနား ကပ်ကပ် လေးသွားပြီး ပုဆစ်တုတ် ထိုင်ကာ ကိုကို့ မျက်နှာတည့်တည့် ကို ကြည့် ပြီး ထပ်ပြောလိုက် သည်

' ကိုကို ...ညီ တောင်းပန်ပါတယ် နော်
ညီ့ကို စိတ်ဆိုးပြေပါတော့
ညီ ညီ အိမ်မှာ တစ်ယောက် တည်း နေရတော့ အရမ်း အထီးကျန်လို့ သောက်ရင်း နဲ့ စွဲ သွားတာပါ'
ပြောရင်းနဲ့ မနေ့က ဓာတ်ခံ လည်း ရှိတော့ မျက်ရည်တွေ က တားမရ ဆီးမရ

ဟုတ်ပေသည်ပဲ သူ ညီ့နေရာက မစဉ်းစားမိ .... ညီ အိမ်မှာ တစ်ယောက်တည်း နေနေ ရ ရှာတာ အထီးကျန်နေရှာ မှာပေါ့
မနေ့က သူ တော်တော် လက်လွန်သွားသည်
ညက ဆေးလိမ်းပေးတော့ ညီ့ တင်ပါး က တော်တော် အခြေအနေဆိုးနေသည်
သူ ဘာလို့ ဒေါသ မထိန်းနိုင်ရတာလဲ
ညီ့ကို အရာရာ မှာပြည့်စုံ စေချင်လို့ သူဆုံးမနေတာတွေက မှားများ မှားနေပြီလား
ဖေ​ဖေ လည်း သူတို့ကို ဒီလိုပဲ ဆုံးမ ခဲ့သည်လေ
ထမင်း စားပွဲ မှာ ထိုင် တောင် မထိုင်နိုင်တဲ့ ညီ့ကို မြင်ရတာ စိတ်မကောင်း
ဒါပေမဲ့လည်း သူ မခေါ်ချင်သေး မှတ်လောက် သားလောက် အောင် ပစ်ထားလိုက်ချင်သေးသည်
သို့သော် သူ့ရှေ့မှာ မျက်ရည် လည်ရွဲ နဲ့ ပုဆစ်တုတ်လေး နေပြီး အပြစ်ကို လာဝန်ခံ နေတာ ကို သူ ဘယ်လို စွမ်းအား နဲ့ တင်းထားနိုင်မှာလည်း ....
ညီ့ကို တချက်ကြည့်လိုက် တော့ ချက်ချင်း မျက်လွှာ ချသွားသည်

Sweet December ❄️Where stories live. Discover now