Epi 11 ❄️ Uni

2.9K 174 41
                                    

ဒီနေ့တော့ ဆက်သွင် ညီနောင် ရဲ့ ဂေဟာလေးက တိတ်ဆိတ်လို့နေတယ်
တစ်ယောက်က လစ်လျူရှူခြင်းအနုပညာနဲ့ ကျန်တစ်ယောက်ကတော့ အရိပ်အကဲ ကြည့်နေရတယ်ဆို ဘယ်သူကအပြစ်လုပ်ထားတယ်ထင်ကြလဲ
အထင်တွေ မှားပါမယ်နော်
TV ရှေ့ Lucas ကာတွန်းကားကို မျက်မှောင်ကျုံ့ပြီး ကြည့်နေတဲ့လူကတော့ ရဲရဲ ဖြစ်ပြီး မလှမ်းမကမ်းကနေ စာဖတ်ချင်ယောင်ဆောင်ပြီး ရဲရဲ အရိပ်အကဲကို လှမ်းကြည့်နေတာတော့ ကိုဖြိုးပါ
ဆက်ပြီး မနေနိုင်တော့တဲ့အဆုံး

' ညီ အပြင်မှာ ထမင်း သွားစားကြမလား....

'........'

ဘေးတစ်စောင်းမြင်နေရတဲ့ ညီ့နှုတ်ခမ်းထောင့်စွန်းက ညိုမဲနေတာက သူ့လက်ချက်
ခုလို မြင်ရတာ သူ တကယ်စိတ်မကောင်း
ဆေးလိမ်းပေးလို့လည်း မရ
ဆေးလိမ်းဖို့နေနေသာသာ သူ့ကို စကားကို ပြန်မပြောတော့တာ
သူလည်း ချော့တတ် သလောက် တော့ ချော့နေတာပဲ အဆင်မပြေ
ဒီနေ့ နဲ့ဆို 2ရက်ရှိပြီ မနက်ဖြန်ဆို သူ duty ပြန်ဝင်ရတော့မယ် ညီနဲ့ 5ရက်လောက် မတွေ့ရတော့ဘူး
ဒီစိတ်ကြီးနဲ့  သူ ဘယ်လို နေရမလဲ ဒီရက်တွေ
လွန်တာတော့ သူလွန်တာ ဒါမဲ့လည်း ခုလောက်ဆို ညီ စိတ်ပြေသင့်ပြီ
သူဆိုရင် ညီ နှစ်ခါ မချွဲရဘူး စိတ်ပြေတာပဲကို
ကြာကြာ မစဉ်းစားချင်တော့ အခန်းထဲ ဝင်ပြီး ယူစရာ ရှိတာယူပြီး ညီရှေ့ ခစားရတော့သည်

'ညီ .....'
လက်ထဲက ကြိမ်လုံး 2လုံးကို ညီ့လက်ထဲ ထိုးထည့် လိုက်တော့ သူ့ကို မော့ကြည့်လာသည်

'ကိုကို လွန်သွားတဲ့ အတွက် တောင်းပန်တယ်နော်
ကိုကို မှားသွားပါတယ် ကိုကို့ ကို ညီ့ စိတ်ကြိုက် အပြစ်ပေးပါနော် ...'

ပြောပြောဆိုဆို ညီ့ရှေ့ မှာ ဒူးထောက်ချရင်း ခေါင်းငုံ့ထားမိသည်
တကယ်တော့ သူ့အတွက်က မလွယ် သူ ဒူးထောက်ရတာ အရမ်းမုန်းသည်
ဒါမဲ့ ခုတော့ သူ ဒူးထောက်ရပြီ တဖက်က ညီ ဖြစ်နေတယ်လေ
ညီ သူ့ရှေ့ အကြိမ်ကြိမ် ဒူးထောက်ပေမဲ့ ထိုခံစားချက်က ဒီလောက်ထိ လေးနက်မှန်း သူ အခုမှ သိသည်

သူတို့ ငယ်ငယ်ကတည်းက ဖေဖေ က တစ်ယောက် နဲ့တစ်ယောက် ထိန်းဖို့ ဒီအကျင့် ကို လုပ်ပေးထားသည် မှားရင် မှားတဲ့လူကို မှန်တဲ့ လူက ကြိုက်တဲ့ အပြစ်ပေးလို့ရသည်
ထိုအပြစ်ပေးခြင်းအမှု ပြီးသွားရင်တော့ အပြစ်တွေ ကြေအေးပေးရသည် စိတ်ထဲ အတေးအမှတ်မထားရ
ညီ နဲ့ သူက ရန်ဖြစ်တာ ရှားသည် ပစ္စည်း တခုခုလုရတယ်ဆိုတာလည်း မရှိ
သူလိုချင်တယ်ဆို ညီက အလျှော့ပေးသလို ညီလိုချင်တယ်ဆိုရင်လည်း သူ နောက်ဆုတ်မြဲ
အခုတော့ ညီ သူ့ကို စိတ်ဆိုး နေသည် သူ့ကို အပြစ်ပေးပြီး ညီ စိတ်ဆိုးပြေပါစေတော့
အမြဲတမ်း တခုမဟုတ်တခု ဘေးကနေ တွတ်ထိုးနေတတ်တဲ့ ညီက အခု သူ့ကို စကားမပြောတာ နှစ်ရက်ကြီးများတောင်ရှိပြီလေ သူ ဘယ်လို နေနိုင်တော့မလဲ

Sweet December ❄️Where stories live. Discover now