Epi 2 ❄️Uni+Zaw

5.7K 195 9
                                    

[Zawgyi]
ကိုကို့ ဆီက အရိုက်ခံ ရ ပြီး ဆေးလိမ်းပေးသည့် အချိန် သည် ရဲဆက်သွင်တစ်ယောက် အတွက် တော့ အပျော်ဆုံး အချိန်
ကိုကို သူ့ကို ​ကောင်းစေချင်လို့ ဆုံးမတာ သူသိသည်
ယခုလည်း သူ့ဒဏ်ရာတွေ မြင်ရင် စိတ်မကောင်းဖြစ်ပေဦးမည်

ငယ်ငယ်ကတည်း က ဖေဖေ့ရဲ့ စည်းကမ်း တင်းကျပ်မှုတွေကြောင့် စိတ်ဆင်းရဲ ခဲ့ ရတဲ့ သူ က ကိုကို့ကြောင့် နွေးထွေးမှုတွေ ချစ်ခြင်း မေတ္တာတွေကို ရခဲ့တယ်
ကိုကို ဟာ မွေးစားသား ဆိုပေမဲ့ သူတို့ မိသားစု အပေါ် အရာရာပေးဆပ်ထားသည်မှာ သူအသိဆုံး
တက္ကသိုလ် ဝင်တန်း အောင်​တော့ သူ တတ်ချင်တဲ့ BED တက်ခွင့်ရအောင် ဖေဖေ ဖြစ်စေချင်သည့် စစ်ဗိုလ် လမ်းကိုရွေးချယ် ခဲ့သည့် ကိုကို

ကိုကိုသည် ရဲဆက်သွင် အတွက်ဆို ရင်တော့ အရာရာ ပင်
ခလေးဆန်လွန်းတဲ့ သူ့အတွက် အစစ အရာရာ ကိုကို့ ရဲ့ စီစဉ်ပေးမှုတွေက ပြည့်စုံလွန်းသည်

'ညီ ..... ကိုကို မရှိ တဲ့ အချိန် မှာတာတွေ မမေ့ နဲ့နော်
မေ့ရင် သိတယ်နော် ....

ဟိုနေ့က မှ အရိုက်ခံထား ရတဲ့ ဖင် ကို ယောင်ယမ်း စမ်းမိလိုက်သည် ....
15ချက်လောက် အရိုက်ခံ ထားရတာလေ ...
ခါတိုင်းဆို 10ချက်လောက် ပဲ ရိုက်တဲ့ ကိုကို က သူ့ရဲ့ အသံ နွဲ့နွဲ့လေး ကြားရင် ပိုဒေါသ ဖြစ်ပြီး ပိုရိုက် တတ်သည် ....

' Yes Sir.... ' အလေးပြု ...'
Uniform နဲ့ ခန့်ညားနေသော ကိုကို ....
ရုံးပိတ်ရက်တွေ သာ တွေ့ရတဲ့ သူတို့ ညီအစ်ကို နှစ်ယောက် .....

'ကိုကို မုန့် နော် ......

'အေး ...တုတ် တုတ်..

'ဟာ ကိုကို ကလည်း .... ညီ က လိမ္မာ နေပြီ

'အေး လိမ် လိမ် ပြီး ဒီခေါင်းက မာနေတာလေး .....

လေသံ မဆုံးလိုက် နားတစ်ဖက်ကို လိမ်ဆွဲ လိုက်တာများ ခေါင်းပါ လည်ပြီး ပါသွား

'အား ...နာတယ် ကိုကို ရ ....

'ကောင်းကောင်းနေ .... ဒါပဲ သွားပြီ ....

'ဟုတ် ...

နားရွက်ဆွဲ လိုက်လို့ မျက်ရည် ဝဲ တက်သွားတာ မြင်တော့ ဖြိုးဆက်သွင် လှစ်ခနဲ ပြုံး လိုက်မိသည်
ဘယ်လောက် ရိုက်ရိုက် သူ့ကိုတော့ ကလန်ကဆန် ပြန်မလုပ် ပြန်မပြော ....
အလယ်တန်းပြ ကျောင်းဆရာ တစ်ယောက် က သူနဲ့ ဆို တကယ့် ကလေးလေး ....

Sweet December ❄️Where stories live. Discover now