ကိုကို လက်မောင်းကို ဖျစ်ညစ်လိုက်တာများ ဘယ်လောက် အားပါလဲဆို လမ်းတလျှောက် တစ်ဆစ်ဆစ်နဲ့
ကျန်လက်တဖက်နဲ့ သက်သာလို သက်သာငြား ပွတ်ပေးနေရင်း ကိုကို့နောက်ကို အမှီလိုက်နေရသည်
သူ့ကို နည်းနည်းလေးတောင်မစောင့်
ခြေလှမ်းကျဲကြီး များနောက်လိုက်ရင်း ကြောက်ပြီး ဝမ်းနည်းလာသည်
ဒီတခါလည်း သေပြီမလား
ဟိုနေ့က အရှိုးရာတွေက မပျောက်သေးလေ
ဘယ်လောက်တောင် စိတ်ဆိုးနေလိုက်မလဲ
စိတ်ဆိုးတာကတော်သေးသည် ထပ်ပြီး စိတ်မပျက်စေချင်တော့
လောင်းကစားကို ဝါသနာပါတာတော့ မဟုတ်ပေမဲ့ အပျင်းပြေ ဝင်ကစားကြည့်ရာက ပမာဏ နည်းနည်းစီ များလာတာ
ဟိုကောင်တွေကလည်း မြှောက်ပေး ... ဪ ကိုယ့်အပြစ်ကို သူများကို လွှဲချလို့ဆိုပြီးတစ်မှုကနေ နှစ်မှုတိုးဦးမယ် ...
ဟိုကောင်တွေကိုတောင် ဆုံးမနေလိုက်သေး အ့လို ကိုကိုပါဆို
မအလ လေးတွေ အရိပ်သုံးပါးနားမလည်တဲ့ဟာလေးတွေ ကိုကိုဆုံးမလိုက်တာတောင်နည်းသေးအတွေးပေါင်းစုံနဲ့ နောက်ကလိုက်လာတာ အိမ်ရှေ့ရောက် ကိုကိုရပ်လိုက်တော့ ဝင်ဆောင့်ပါလေရော
မျက်ထောင့်နီကြီးနဲ့ သူ့ကို စိုက်ကြည့်ပြီး
'လမ်းကို ကြည့်မလျှောက်ဘူးလား ရဲဆက်သွင်
စိတ်တွေ ဘယ်ရောက်နေလဲ'ပြောပြောဆိုဆို ခြံတံခါးဖွင့်ပြီး လက်ကောက်ဝတ်ကနေ ဆွဲပြီး ခေါ်သွားတာများနောက်ကနေ ပုံပျက်ဆင်းပျက်ပါသွား
ဧည့်ခန်းရောက်တာနဲ့ အားနဲ့ စောင့်လွှတ်ပြီး အိမ်ရှေ့တံခါးမကြီးကို ဂျက်ချလိုက်တဲ့ အသံ
'အ ..ကိုကို'
'မခေါ်နဲ့ .... ငါ့ကို ကိုကိုလို့မခေါ်နဲ့
ရှက်ဖို့ကောင်းလိုက်တာကွာ
ဦးအောင်ရှေ့မှာ ငါ့မျက်နှာ ဘယ်နားသွားထားရမှန်းတောင် မသိဘူး
အပေါင်းအသင်းတွေကလည်း ကောင်းပ့ကွာ
မင်းသင်ထားတဲ့ ပညာတွေကို ဘယ်နားသွားသုံးလဲ '
သူငိုချင်လာသည် အခုလိုတွေပြောနေမဲ့အစား ကြိမ်လုံးထိုးပေးပြီး စိတ်ပြေတဲ့အထိဝမ်းလျားမှောက်ပြီး အရိုက်ခံလိုက်ချင်တော့သည်
YOU ARE READING
Sweet December ❄️
General FictionCaCa bl ပထမဆုံး ရေးဖူး တာ မို့လို့ ဖတ်လို့ မကောင်း ရင် သည်းခံ ကြနော် Epi 1ခု 1ခု တိုတာကိုလည်း သည်းခံ ကြနော် အကုန် သည်းခံ ကြနော်😁