Chapter 15

5.9K 1.1K 56
                                    

[Unicode]

ဖန်ရှန်းဟာ ကုမ္ပဏီအပေါ်ထပ်ကနေဆင်းလာပြီး အပေါက်ဝရှေ့တည့်တည့်မှာရပ်နေတဲ့ ချန်းရွှမ်ကိုတွေ့လိုက်ရတယ်။
ချန်းရွှမ်ဘေးကဖြတ်သွားတဲ့သူတွေဟာ သူ့ပုခုံးကိုပုတ်ကာဘေးသို့တွန်းပို့သွားကျတယ်။

ဖန်ရှန်းဟာအလိုအလျောက်ဆိုသလိုပဲ ချန်းရွှမ်ရှိတဲ့ဘက်ကိုနှစ်လှမ်းလောက်လျှောက်သွားလိုက်မိတယ်။

သို့သော်လည်း ဖုန်းကိုကိုင်လျက်အသည်းပုံမျက်လုံးတွေနဲ့ပြုံးဖြီးနေတဲ့ချန်းရွှမ်ကိုသာတွေ့လိုက်ရပြီး...ထိုအပြုံးတွေကလည်းဖုန်းရဲ့တစ်ဖက်တစ်ခြမ်းကိုရည်ရွယ်နေပုံရတယ်။

ဖန်ရှန်းကရပ်တန့်သွားမိတယ်။

ဟိုနုဖတ်ဖတ်သရုပ်ဆောင်ကောင်က ချန်းရွှမ်ကိုတကယ်ဆက်သွယ်လာတာလား?

ဖန်ရှန်းဟာရန်ပွဲမှာအထိုးခံလိုက်ရသည့်အလား လည်ချောင်းတစ်ခုလုံးပိတ်ဆို့လာသလိုခံစားနေရပြီး အသက်ရှူတောင်ကြပ်လာသလိုပင်။

ဘောင်းဘီအိပ်ကပ်ထဲထည့်ထားမိတဲ့လက်တွေကိုခပ်တင်းတင်းဆုပ်လိုက်ပြီး လုံးဝတောင်လှည့်မကြည့်တော့ဘဲဦးတည်ရာကိုပြောင်းလိုက်တယ်။
ချန်းရွှမ်ဟာဖုန်းကိုကိုင်လျက်သားနဲ့ပင် ဥက္ကဌကိုအပိုင်ယူပစ်မယ်...Alphaကိုလက်ထပ်မယ်...ဘဝရဲ့အကောင်းဆုံးတွေကိုအရယူမယ် စသည်ဖြင့်စိတ်ကူးယဉ်နေပြီး သူ့နောက်ကဖန်ရှန်းတစ်ယောက်လှည့်ထွက်သွားသည်ကိုတောင် မသိလိုက်ပေ။

ယင်ချန်းကချန်းရွှမ်ကိုဖုန်းခေါ်လာပြီး ဒီလိုမျိုးမဟာဗျူဟာတွေကလူချင်းတွေ့ပြီးသင်ပြမှသာအဆင်ပြေကြောင်းပြောလာပြီး ရုပ်ရှင်တူတူသွားကြည့်ဖို့ချိန်းဆိုလာတယ်။

ချန်းရွှမ်ဟာ ဖုန်းကိုင်လျက်သားနှင့်ပင်ခြေကုန်လက်ပန်းကျချင်နေပြီ။

"Male God မင်းတော့ငါ့ရဲ့မှတ်ဉာဏ်တွေထဲမှာပဲနေတာပိုကောင်းမယ်နော်!"
ချန်းရွှမ်ကဖုန်းတောင်ချပစ်လိုက်ပြီ။

"နေဦး! ခဏနေပါဦး!"
ယင်ချန်းကအမြန်တားလိုက်ရပြီး ချန်းရွှမ်ဖုန်းမချပစ်ခင်မှာပဲ မတတ်နိုင်တော့သည့်ဟန်ဖြင့်ပြောလာတယ်
"ငါက မင်းရဲ့Male Godနဲ့မတူတော့တာသိပါတယ်! ငါပြောတာတော့နားထောင်ပေးပါဦး? မင်းကိုရုပ်ရှင်ကြည့်ခိုင်းပြီးတကယ့်တိုက်ကွက်တွေ မဖြစ်မနေသင်ခန်းစာတွေသင်ပေးမလို့လေ အရေးကြီးတာတွေပဲပြောပြမှာ နားလည်လား!?"

No B [Myanmar Translation]Where stories live. Discover now