Chapter 29

4.7K 882 34
                                    

[Unicode]

နှစ်ယောက်လုံးအပြင်ကိုအချိန်အတော်ကြာကြာ နားစွင့်နေကျကာ...လူမရှိတာသေချာတော့မှ အိမ်သာအခန်းငယ်ထဲကနေထွက်လာလိုက်တယ်။

ချန်းရွှမ်ကတော့ အလုပ်တန်းလန်းနဲ့အဆွဲခံလိုက်ရတယ်လို့ ခံစားနေမိပြီး...ခယ့်ချွမ်ဆီအစီအရင်ခံသင့်တယ်လို့လည်း တွေးနေမိတယ်။
ခယ့်ချွမ်ရုံးခန်းက ဖန်ရှန်းရုံးခန်းနဲ့ကပ်ရပ်ပဲဟာ။
ဒီလိုနဲ့ပဲ နှစ်ယောက်အတူတူလျှောက်လာကျပြီး...ချန်းရွှမ်ကတော့ အလွန်ပင်မျက်နှာပူနေရတယ်။

"ကုမ္ပဏီတစ်ခုလုံးသိတာပဲဟာ ဘာလို့ရှက်ပြနေတာလဲ?"
ဖန်ရှန်းက သူ့လက်တွေကိုဆန့်ထုတ်ကာ ချန်းရွှမ်ကိုဓာတ်လှေကားထဲဆွဲသွင်းလိုက်တယ်။
လည်ပင်းဖက်ခံထားရတဲ့ချန်းရွှမ်က မျက်တောင်လေးတဖျတ်ဖျတ်ခတ်ကာ
"ကုမ္ပဏီတစ်ခုလုံးသိတယ်လား!?!?"

"မဟုတ်ရင်? သူတို့ကကန်းနေလို့လား?"

ချန်းရွှမ်မျက်နှာကရှုံ့တွသွားပြီး
"တခြားသူတွေက ငါ မင်းကိုကပ်ဖားနေတယ်လို့များထင်နေမလား?"

ဖန်ရှန်းကရယ်လိုက်ပြီး နောက်လက်တစ်ဖက်နဲ့ချန်းရွှမ်ပါးလေးကိုဆွဲညှစ်လိုက်တယ်
"ဖားတာတော့ဟုတ်ပါပြီ! နေရာရောရလို့လား?"

"ဟုတ်တယ်!"
ချန်းရွှမ်ဟာ ဖန်ရှန်းလက်မောင်းကြားထဲမှ မနည်းခေါင်းမော့လာရပြီး
"ဒါဆို ငါ့ကိုနေရာပေးမှာလား?"

ဖန်ရှန်းက သူ့ကိုအပေါ်အောက်ကြည့်လာကာ
"ခုနလေးတင်ပဲ ငါ့အပေါ်နေရာ ရောက်နေတာမဟုတ်ဘူးလား?"

ချန်းရွှမ်ကစိတ်မပါတော့ဟန်ဖြင့်
"ဂိမ်းကစားတာ တော်လိုက်တော့!"

ဓာတ်လှေကားတံခါးကပွင့်သွားပြီး...ချန်းရွှမ်ကတော့ သူ့ကိုတစ်ယောက်ယောက်မြင်သွားမှာ စိုးရိမ်နေရသေးတယ်။
အပြင်ထွက်လာပြီးနောက် အနောက်မှာလျှောက်နေတဲ့ဖန်ရှန်းက ချန်းရွှမ်ကိုကြည့်ပြီးပြုံးလိုက်တယ်။

ချန်းရွှမ်က ခယ့်ချွမ်ရုံးခန်းဆီလျှောက်သွားပေမဲ့...ဖန်ရှန်းကတားလာတယ်။

"ငါ မင်းကိုပြစရာရှိတယ်"

ချန်းရွှမ်ကပြန်လှည့်လာပြီး သေချာကြည့်လိုက်တယ်။

No B [Myanmar Translation]Where stories live. Discover now