Chapter 32

4.6K 876 20
                                    

[Unicode]

ဖန်ရှန်းရဲ့လက်က နံရံပေါ်ကနေတရွေ့ရွေ့အောက်ဆင်းသွားတယ်...လက်ပေါ်မှာသွေးတွေလည်း ရှိနေပြီဖြစ်တယ်။

လက်သီးတင်းတင်းဆုပ်လိုက်ပြီး နာကျင်မှုကတိုးမြင့်လာတယ်။
ရင်ထဲကမွန်းကြပ်မှုတွေကိုမပြေလျော့စေပေမဲ့ လူကတော့စိတ်တည်ငြိမ်သွားရပြီ။

"အားရှန်း..."
သူ့အနောက်က ယွဲ့ရှောင်ဟန်းအသံထွက်လာတယ်။

ဖန်ရှန်းကလှည့်မကြည့်ဘူး...သူ့ဦးနှောက်ကြီးတစ်ခုလုံးက မုန်တိုင်းမွှေနှောက်တာခံထားရသလိုမျိုးပဲ။အပျက်အစီးအပိုင်းအစတွေသာ ကျန်ခဲ့တော့တယ်။
ဘာတွေဖြစ်သွားခဲ့မှန်းတောင် ပြန်မတွေးကြည့်ချင်တော့ဘူး။
ဒီလိုအင်အားမဲ့မှုကြီးက သူ့ကိုပိုမိုထိတ်လန့်စေပြီး...ကိုယ့်ကိုယ်ကိုလည်း ပိုမုန်းမိစေတယ်။

"သွားတော့...ငါ မင်းကိုနောက်တစ်ခါမမြင်ရစေနဲ့"

ယွဲ့ရှောင်ဟန်းရဲ့ခန္ဓာကိုယ်ကတုန်ယင်လာပြီး ဘေးဘက်ရှိနံရံကိုတောင်အားပြုနေရတယ်။

"မင်း ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးပြောထွက်ရတာလဲ? ငါ မင်းအမှတ်အသားပြုတာခံပြီးသွားပြီလေ"

ဖန်ရှန်းရဲ့နောက်ကျောပြင်ဟာ တောင့်တင်းသွားရပြီး...ခဏကြာတော့ အသံပြန်ထွက်လာတယ်။

"ငါ မင်းကိုတာဝန်မယူနိုင်ဘူး...ငါ မင်းကိုလက်ထပ်မှာမဟုတ်ဘူး..."

ယွဲ့ရှောင်ဟန်းက သူ့ရဲ့ငိုသံကိုထိန်းထားနေရပြီး
"ဘာလို့လဲ? ငါတို့ကအလိုက်ဖက်ဆုံးလေ! ငါတို့အတူတူကြီးပြင်းလာခဲ့ကျတာ...မင်းက ငါ့ကိုအမြဲကာကွယ်ပေးခဲ့တာ...ငါတို့..."

ဖန်ရှန်းကဖြတ်ပြောလာတယ်
"ယွဲ့ရှောင်ဟန်း! ငါမင်းကိုခဏခဏပြောခဲ့ပြီးပြီပဲ! မင်းကိုသူငယ်ချင်းလို့ပဲမြင်တယ်! အခုတော့...သူငယ်ချင်းအဖြစ်တောင် ဆက်မရှိချင်တော့ဘူး"

ယွဲ့ရှောင်ဟန်းဟာမျက်ရည်တွေကျလာရပြီး ခေါင်းခါပြကာ
"ငါတို့က ဆယ်နှစ်ကျော်တောင်သိခဲ့ကျတာ! မင်း သူနဲ့သိတာဘယ်နှရက်ရှိသေးလို့လဲ?"

ဖန်ရှန်းက ယွဲ့ရှောင်ဟန်းကိုလှည့်ကြည့်လာတယ်။
အဲ့အကြည့်တွေဟာ သူနဲ့အတူကြီးပြင်းလာခဲ့တဲ့...ဝမ်းသာမှု ဝမ်းနည်းမှုတွေကိုမျှဝေခဲ့တဲ့ သူငယ်ချင်းကိုကြည့်တဲ့အကြည့်မျိုးမဟုတ်တော့ဘူး...ရွံရှာမုန်းတီးမှုအချို့တောင် ပါဝင်နေသလိုပင်။

No B [Myanmar Translation]Where stories live. Discover now