Ep-5 (Uni/Zawgyi)

2.3K 260 55
                                    

Unicode 🦋
------------















မိုးလင်းတိုင်း ​ကောင်မ​လေးကို လွမ်းတယ်
​နေ့လည်လည်း လွမ်းတာပဲ ~ ည​ရောက်တဲ့အခါမှာ​တော့
Jennie ရဲ့ ကမ္ဘာ့ဝန်ရိုးစွန်းမှာ လမင်းအစား
ပူတူတူး​လေး လည်ပတ်​နေတယ်

လွမ်းရတာကြာ​လာတော့ လွမ်းတယ်လို့​တောင်
မထင်​တော့ဘူး ~ ဒီအတိုင်း​လေးပဲ လူတစ်​​ယောက်က
Jennie ရဲ့ ရင်ဘက်ထဲမှာ အမြဲရှိ​နေတယ်





" အ​ရှေ့မှာ ​ရွှေဧည့်သည်​ရောက်​နေတယ် "





" သမီး ဘယ်သူ့ကိုမှ
တွေ့ချင်စိတ်မရှိဘူးဆို​နေ "





" ရည်းစားမရှိဘဲနဲ့များ
အသည်းလာကွဲပြ​နေတယ် ရှက်ပါ့​အေ "





" Omma ထွက်သွား​ပေးပါ​နော်
သမီးကို တစ်​ယောက်တည်းလွှတ်ထား​ပေးပါ "





Omma က မျက်​စောင်းထိုးပြီးလှည့်ထွက်သွားတယ်
စိတ်ဆိုးလည်း ဆိုးပါ​စေ​တော့ ~ အသည်းကွဲတယ် ဆိုတဲ့
​ခေါင်းစဥ်တပ်မရ​ပေမယ့် ရင်ထဲမှာ ​နေလို့မ​ကောင်းဘူး
ဘယ်သူ့ဆိုဘယ်သူနဲ့မှ ​တွေ့ချင်စိတ်လုံးဝမရှိ​ဘူး





'ကျွီ '





" Omma ဘာဖြစ် ~ ဟင် "





အခန်းဝကို မှီရင်း
မတ်တပ်ရပ်​နေတဲ့​ကောင်မ​​လေး က
ကျောပိုးအိတ် လွယ်ထား​ပြီး​​​တော့
Jennie ကို ​သေချာစိုက်ကြည့်​နေတယ်

တစ်​နေရာရာကို သွားမလို့လား
ဒါမှမဟုတ် ဘယ်ကပြန်လာတာများလဲ ~





" ဘာ​တွေမကြည်မလင်ဖြစ်​နေလို့
အခန်းထဲက​နေ အပြင်ကို မထွက်တာလဲ ? "





" ဘားမှ မကြည်မလင် မဖြစ်ပါဘူး
ဒါနဲ့ ​ကောင်မ​လေးက ဒီကို ဘာကိစ္စရှိလို့လဲဟင် ? "





" ဒီအတိုင်းလာခဲ့တာ​​လေ
ဘာလဲ ~ လာတာမကြိုက်လို့လား
အာ့ဆို ပြန်မှာ​နော် "





​နောက်လှည့်ပြန်ဖို့လုပ်​နေတဲ့ ​
ကောင်မ​လေးကို ကမန်းကတန်း​ပြေးဆွဲ​တော့
အ​နောက်မှာရပ်​နေတဲ့ Omma က
တ​လောကလိုမျိုး ခါးကြီး​ ထောက်လို့
Jennie တို့ကို ရှုတည်တည် ကြည့်​နေခဲ့တယ်

Cruel Flowers (Season 3 ) : Dear Unnie , I Love You !Where stories live. Discover now