Ep-7 (Uni/Zawgyi)

2.1K 247 59
                                    

Unicode 🦋
------------







​ကောင်မ​လေးက မကြီးကို ​ဝုန်း​နေပြီ ။
​ငွေရှစ်ကျပ်သာ တန်တဲ့ စပါးနှံ ၊ ​ပေါလွန်းလို့ ထပ်​တောင်
မစိုက်​တော့တဲ့ သီးနှံ​တွေကို ​ငွေရှစ်ရာနဲ့ လာဝယ်ခိုင်း​နေတယ်

အဆတစ်ရာတင်ထားတဲ့ ​ပစ္စည်း​တွေကိုလည်း
မကြီးက နှလုံးသားနဲ့ အား​ပေးရပြန်တာ​ပေါ့ ။

ချစ်တာကိုး ။



" ဟဲ့ အခုထိ ဖုန်းကိုင်​နေတုန်း
ပန်းကန်​တွေ မ​ဆေးထားဘူးလား ? "



" အပြင်သွားမယ်ဆို ? "



" နာရီကိုကြည့်စမ်း ၊ မိုးက ချုပ်တာမှ
နင့်ဖင်ထဲကို လ အလုံးလိုက် ဝင်​နေပြီ "



" ညစ်ပတ်လိုက်တာ အဲ့လို​တွေမ​ပြောပါနဲ့
သမီး ဗိုက်နာလို့ အိပ်​နေတာကို Omma ကလည်း "



Omma က ဘားမှ ထပ်မ​ပြောဘဲ
ခါး​ထောက်ပြီး ကြည့်​နေတာမို့ Jennie သက်ပြင်းချရင်း
အိပ်ယာ​ပေါ်က​နေ ဆင်းလိုက်တယ်



" ပန်းကန်​ဆေးမှာမို့ ​ဒေါသမထွက်နဲ့​တော့​နော်
Omma ​နေမ​ကောင်းဖြစ်မယ် လိမ္မာတယ် သွားနားလိုက်​တော့ "



" ညစာစားပြီးပြီလား ? "



" မစားရ​သေးဘူး "



" ဟင်း ခက်ပါတယ်​
တကယ် တစ်ပြားမှကို မရှိတာ​ပေါ့ "



" ရပါတယ် တစ်ည​လေးပဲကို "



Jennie မူယာမာယာ ပိုပြပြီး ထွက်လာလိုက်တယ်



" ​အေး​လေ တစ်ရက်​တစ်​လေပဲဟာ
ငတ်လက်စ နဲ့ အငတ်ခံ​နေလိုက်​ပေါ့
စားသမျှ ပါးနှစ်ဖက်ဆီကိုပဲ ​ရောက်​နေတယ်

Jennie ရယ် နင့်ပါးကြီးက​လေ ကင်ချီနှပ်တဲ့
အိုးအတိုင်းပဲဟယ် ပြဲကား​နေတာပဲ "



" Omma ! "



Jennie သွား​ခေါ ထွက်လာတာနဲ့ Omma က
ပိုက်ဆံအိတ်​လေး ရင်ဘတ်ပွေ့လို့ အခန်းထဲဝင်သွား​တော့တယ်








                                     🦋     🦋     🦋


ပန်းကန်​ဆေး​နေတုန်း ထွက်လာတဲ့ ဖုန်းသံ
ကျယ်ကျယ်​ကြောင့် Jennie အလျှင်အမြန်​ ပြေးကိုင်ရတယ် ။
အမြဲတ​စေ အသံပိတ်ထားတတ်တဲ့ မိမိက
​ကောင်မ​လေးအတွက် အသံဖွင့်ထားတတ်ခဲ့ပြီ ၊
Ringtone ကလည်း တသီးတသန့်​လေး ။

Cruel Flowers (Season 3 ) : Dear Unnie , I Love You !Where stories live. Discover now