Ep-10 (Uni/Zawgyi)

2.2K 249 70
                                    

Unicode 🦋
------------









လက်ဒါဏ်ရာ​က ပုံဆွဲဖို့အတွက် အဆင်မ​ပြေဘူး ။
Webtoon တစ်ပုဒ်ကို ၅ ပိုင်းပဲ ​ရေးရ​သေးတယ်၊
​နောက်အပတ်​ထဲမှာ Editor က အပြီး​ရေးခိုင်းထားတာ ။

​ကောင်မ​လေးမှိုင်းမိ​နေတာနဲ့
မကြီးလည်း ​ဝေ​လေ​လေ ဖြစ်​နေ​တော့တာပဲ ။

လက်ကဒါဏ်ရာ​​ကို အ​ကြောင်းပြပြီး
Editor ကို ​နောက်​ရွှေ့ခိုင်းလိုက်မယ်​လေ ။
​စောင့်​နေတဲ့ Fan ​တွေ ဆဲ​တော့လည်း သွားဖြဲပြရုံ​ပေါ့၊
မကြီးက သွား​​တွေလှတယ် ။

ကောင်မ​လေးအ​ကြောင်း​တွေကို ​တွေးမိ​တော့
အရင်က ကိုယ်ရူးသွပ်ခဲ့ဖူးတဲ့ Idol ​ပေါက်စ​လေးကို
ပြန်ပြီး သတိရမိသွားတယ် ။
အခု​တော့ Idol က ကိုယ့်​ကောင်မ​လေး ဖြစ်လာခဲ့ပြီ ။

မကြီးကို အရမ်းချစ်ပြီး သိပ်ဂရုစိုက်​ပေးတဲ့
အ​ချောဆုံး ​ကောင်မ​လေး ၊ မကြီးရဲ့ နတ်ဘုရားမ​လေး ။



သူနာပြုက အခန်း​ထဲကို ဝင်လာမလို့ တံခါးဖွင့်​တော့
ပတ်တီးကြီးကိုက်ရင်း ပြုံးဖြဲ​နေတဲ့လူနာကို ​တွေ့လိုက်ရတယ် ။
​ကြောင်ကိုကယ်ရင်း က​လေးကစားကွင်းက
ပြုတ်ကျလာသည့် လူနာတဲ့ ... မဟုတ်မှလွဲ
ဒီလူနာ ​​ဂေါက်စီ​ကွေးများလား ။

အခန်းတံခါးပြန်​​စေ့ရင်း ​
လူနာ​စောင့်ရောက်လာမှ ပြန်လာခဲ့မယ်ဆိုပြီး
ထိုအခန်းကို ခဏထားခဲ့လိုက်ရသည် ။












                           🦋       🦋       🦋









အ​တွေးလွန်​​နေမိပြီး သတိပြန်ဝင်လာ​တော့
​ဆေးရုံအဝင်ဝကိုမြင်ရတဲ့ ပြူတင်း​ပေါက်ဆီ
Jennie ​ခေါင်းပြူကြည့်မိသည် ။
​ကောင်မ​လေးက မုန့်သွားဝယ်တာကြာလိုက်တာ ။



" ဘာ​တွေ ​ချောင်းကြည့်​နေတာလဲ "



" ဘုရားကြီး ငုတ်တုပ် "



" အာရုံက ဘယ်လွင့်​နေလို့လဲ "



" ​ကောင်မ​လေးက ကြာတာကိုး
မကြီးတစ်​ယောက်တည်း ပျင်း​နေတာ "



" မုန့်သွားဝယ်တာ ဆိုင်မှာ လူရှုပ်​နေလို့​လေ
Lisa တစ်​ယောက်တည်း ​စောင့်လို့မှမဖြစ်တာ
အဲ့ဒါ​ကြောင့် သက်​တော်​စောင့်ကို လှမ်း​ခေါ်ရ​သေးတယ် "



Cruel Flowers (Season 3 ) : Dear Unnie , I Love You !Where stories live. Discover now