Ep-23 (Uni/Zawgyi )

1.2K 128 25
                                    

Unicode 🦋
------------




Lisa သမီး​လေးကို​ပွေ့ချီလျက်
ဧည့်ခန်းထဲက​နေ အပြင်ကိုထွက်လာ​တော့
မလှမ်းမကမ်းမှာ ​ကြောင်အအနဲ့မတ်တပ်ရပ်​နေတဲ့
မကြီးကို​တွေ့လိုက်ရတယ် ။

သူမကိုကြည့်ရတာ
Kim Jisoo​ နဲ့ Lisa တို့​ပြောသမျှ ၊
ဧည့်ခန်းထဲမှာဖြစ်သွားသမျှအားလုံးကို
သိသွားသည့်ပုံမျိုး ။

" Kim Jisoo တဲ့ "

Lisa ရဲ့အသံကိုကြား​​တော့မှပဲ
မကြီးက သတိဝင်လာတဲ့ပုံ ၊

သူမက မိမိအနားကို ​
ခြေလှမ်းခပ်စိပ်စိပ်ဖြင့်​ရောက်လာခဲ့တယ် ။

" မဟုတ်ဘူး ​ကောင်မ​လေး !
အဲ့ဒါ Unnie မဟုတ်ဘူး "

Lisa လက်ထဲက​နေပြီး​တော့
Rulily ​လေးကို​ အောက်ချ​ပေးလိုက်တယ် ။
သမီး​လေး​ရှေ့မှာဒူး​ထောက်ပြီး သမီး​လေးရဲ့
ပုခုံးနှစ်ဖက်ကို ​​သေချာဆုပ်ကိုင်ထားရင်း ...

" မီး​လေး ၊
အခန်းထဲမှာအရင်သွားအိပ်နှင့်နော် !
Daddy နဲ့ Mommy တို့က အလုပ်ကိစ္စ
စကားနဲနဲ​ပြောစရာရှိ​သေးလို့ "

သမီး​လေး Rulily က အရမ်းပါးနပ်ပါတယ် ။
သူမက ဒီအ​ခြေအ​နေကိုနားလည်သည့်ဟန်ဖြင့်
Lisa ကို ဘာ​မေးခွန်းမှမ​မေး​တော့ဘဲ ​
ခေါင်းညိမ့်ကာ အ​ပေါ်ကိုတပ်သွား​လေတယ် ။

" မီး​လေးကို ပထုတ်လိုက်တာလား ? "

ထို​မေးခွန်းကို Lisa ချက်ချင်းပြန်မ​ဖြေမိဘူး ။
အ​ပေါ်ထပ်ကအခန်းတံခါးပိတ်သံကြား​တော့မှပဲ
ဒူး​ထောက်ထားရာက​နေမတ်တပ်ထရပ်ပြီး မကြီးကို
Lisa ​လေး​လေးနက်နက်လှည့်ကြည့်လိုက်တယ် ။

" အမဖြစ်​နေလို့ဆိုတဲ့အ​ကြောင်းအရင်းနဲ့
Lisa ကို အခုလိုမျိုး​ပြော​နေတာဆိုရင်​တော့
ဘားမှမထူးဘူး​နော် ! Kim Jisoo ကိုယ်တိုင်
သူက Mrs. Grey ပါလို့ ဝန်ခံသွားခဲ့တာ ။
အဲ့ဒါကို မကြီးဘာ​ပြောမလဲ ? "

" Unnie က Mrs. Grey ဖြစ်ချင်ဖြစ်လိမ့်မယ် ။
ဒါ​ပေမဲ့ ဖြစ်ပျက်ခဲ့သမျှကိစ္စ​​တွေအားလုံးက
Unnie တစ်​​ယောက်ထဲ​ကြောင့်မဟုတ်ဘူးဆိုတာကို​တော့
မကြီးပြောတာကို ​ကောင်မ​လေးယုံ​ကြည်ပေးရမယ် "

You've reached the end of published parts.

⏰ Last updated: May 17, 2023 ⏰

Add this story to your Library to get notified about new parts!

Cruel Flowers (Season 3 ) : Dear Unnie , I Love You !Where stories live. Discover now