Ep-23 /Intro/ (Uni/Zawgyi)

3.3K 239 70
                                    

Unicode 🦋
_________​​







ဆောင်းရာသီညရဲ့ မိုးကောင်းကင်ဟာ ကြယ်​ရောင်​မရှိဘဲ ​
မှောင်မိုက်​နေတာက အရမ်းကိုအထီးကျန်ဆန်လွန်းပါတယ် ။

သူမ ကား​မောင်းပြီးအိမ်ပြန်​လာ​တဲ့အခါ
ခြံထဲမှာ​ အရင်လိုစောင့်​မျှော်​နေမယ့်သူမရှိ​တော့ဘူး ။

အထီးကျန်ဆန်တဲ့အရာတွေက သူမအတွက် အသင့်​တော်ဆုံးပဲ ။

အချစ်မခံရသင့်တဲ့လူတစ်​​ယောက်လို့ ကိုယ့်ကိုကိုယ်
အမြဲ​တွေး​နေမိ​ပေမဲ့ သူမရှိ​​တော့လည်း အရမ်းနာကျင်ရတယ် ။

ကိုယ့်စိတ်ဝိဥာဥ်ကို မသန့် ရှင်းနိုင်​သေးဘဲ ၊ လုပ်ဖို့ သတ္တိမရှိဘဲ
တစ်​​ယောက်ထဲ ကြိတ်ခံစား​နေတာ တကယ်​ရောမှန်ကန်ရဲ့ လား ။

ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း ကိုယ်သိပ်ချစ်ရတဲ့သူကိုပါ
စိတ်ပျက် ဝမ်းနည်း​စေမိပြီထင်တယ် ။

×××××

ကား​ပေါ်က​နေဆင်းဆင်းချင်း အိမ်ထဲက​နေ​ပြေးထွက်လာတဲ့
Love က Chae ရဲ့ ကိုယ်​ပေါ်ကို ​ကုတ်ဖက်တက်​တော့တာပဲ ။

​​နောက်​မွေးတဲ့​ကြောင်​ပေါက်​လေး​တွေ အနိုင်ကျင့်တာခံ​နေရလို့
ဆိုပြီး သနားစရာ Love ​လေးကို Lisa က Chae ရဲ့ အိမ်မှာ ​
လာထားထားတယ် ။ မကြာခဏ​တော့လာကြည့်​ရှာပါတယ် ​။

Love က သူ့ ဇနီးသည်အတွက်ကာကွယ်​​ပေးမယ့်သားကြီးဆိုပဲ ။

ကာကွယ်​​ပေးမယ့်သားကြီးမဖြစ်လာဘဲ ​ကြောင်​တွေကိုက်တာ
ခဏခဏခံ​နေရလို့ ကာကွယ်​ဆေး​တွေထိုးရရှာတဲ့သားကြီး
ဖြစ်သွားမယ်လို့ တော့ Lisa ဘယ်ထင်ထားမိခဲ့မှာလဲ ။

ဘယ်သူမှမရှိတဲ့အထီးကျန်ဆန်​တဲ့နေရာမှာ ဒီ​ကောင်​လေးက​တော့
Chae ရဲ့ ​ဘေးနား ရှိ​နေ​ပေးလို့ ​တော်​သေးတယ်​ပြောရမယ် ။

" လာ ၊ အထဲဝင်ကြမယ် Love ! "

အိမ်ထဲ​ရောက်လာ​တော့ Chae ​ရေခဲ​သေတ္တာကိုဖွင့်လိုက်တယ် ။

အရက်ပုလင်း​တွေနဲ့ ဘီယာဗူး​တွေက ​နေရာအပြည့်ယူထားပြီး
အသင့်စားလို့ ရတာဘားမှမရှိဘဲ ပုပ်​​နေပြီးလား​တောင်မသိ​တဲ့
အသား​တွေက ​ရေခဲ​​သေတ္တာရဲ့ ပထမအဆင့်မှာ ။

Cruel Flowers (Season 3 ) : Dear Unnie , I Love You !Where stories live. Discover now