Chapter 34

210 37 10
                                    

အပိုင်း ၃၄
နဂါးဖြူအဆောင်၏ စတုတ္ထမြောက်အစိတ်အပိုင်း

ဖေးဟိုင်၏ သိချင်နေသော မေးခွန်းအဖြေသည် နောက်ဆုံးတော့ သိရခဲ့ပြီဖြစ်လေသည်။ရွှယ်ကျင်းပြုလုပ်လိုက်သည်ကို ကြည့်လိုက်ခြင်းအားဖြင့် ဘာ‌ကြောင့် လူအများကြီးမလိုဘဲ ရွှယ်ကျင်းတစ်ယောက်တည်းသာ လွှတ်ရသည့်အကြောင်းအရင်းကိုသိလိုက်ချေသည်။ဒီလိုမျိုးသာဆို သူတောင် လိုက်လာပေးရန်မလိုအပ်တော့။ရွှယ်ကျင်းက လက်ဟန်သင်္ကေတစ်ခုပြုလုပ်လိုက်လေသည်။ထိုအခါ အခန်းကျယ်ကြီးအတွင်းရပ်နေသော မာကျောက် နှင့် ဖေးဟိုင် တို့၏ ခန္ဓာကိုယ်ကို လေအေး‌ေပါင်းများစွာဖြတ်ပြေးသွားလေသည်။

ထိုအရာများမှာ အေးစိမ့်လှသဖြင့် နွေခေါင်ခေါင် မှ ဆောင်းတွင်းသို့ရောက်သွားသလိုမျိုးပင်။ထိုနောက် နှင်းမှုန့်ကဲ့သို့ အဖြူရောင် အမှုန့်လေးများသည် အခန်းကျယ်ကြီးအတွင်း ၌ ရှိသော လက်နက်များအပေါ်သို့ ‌ကျရောက်သွားချေ၏။မကြာ‌ခင်ပင် နှင်းမှုန့်များသည် အချင်းချင်းဝေ့ဝိုက်ကာ လေပွေများကိုဖြစ်ပေါ်စေ‌သည်။

ဖြစ်ပျက်သွားသည့်အရာများ သည် အလွန်လျင်မြန်လှသဖြင့် ဖေးဟိုင်တွေ့လိုက်သည့်အရာတစ်ခုတည်းမှာ လက်နက်ပေါ်၌ ဝေ့ဝိုက်နေသော နှင်းမှုန့်များသည် လက်နက်များအား မမြင်ရသည့် အတွင်းထဲသို့ ဝါးမျိုပစ်လိုက်သည်ပင်။အခန်းကျယ်ကြီး တစ်ခန်းလုံးစာ ပြည့်နှက်နေသော လက်နက်များသည် ချက်ချင်းဆိုသလိုပြောင်သလင်း ခါသွားလေ၏။ဖေးဟိုင်မှာ အံဩနေသော်လည်း မာကျောက်ကမူ ထိုအရာအား ရိုးနေပြီဖြစ်လေသည်။လက်နက်များပျောက်ကွယ်သွားသည်ကိုမြင်ရသောအခါမှ မာကျောက် စကားစလာလေသည်။

“ဒါဆိုကျင့်ကြံသူလေး ရွှယ် နောက်နှစ် တွေရော လက်နက်အသစ်တွေလာယူအုံး မှာပဲ မှတ်လား”

ရွှယ်ကျင်း သည် သူ၏ လက်များကို အောက်သို့ချလိုက်ပြီး ပြန်ဖြေလာသည်။

“ဟုတ်ကဲ့ လာယူပါအုံးမယ်”

တာ၀န်မှာ ရှောရှောရှုရှုပြီးဆုံးသွားသဖြင့် အချင်းချင်းနှုတ်ဆက်စကားဆိုကာ မြူနှင်းလေး လက်နက်ဆိုင်မှ ပြန်ထွက်လာလေသည်။ထိုဖြစ်စဉ်ကြီး တစ်ခုလုံး၌ ဖေးဟိုင် ဘာမှ၀င်မလုပ်လိုက်ရ။သူလိုက်လာခဲ့မိသည် မှာ ရွှယ်ကျင်း အတွက်အပိုလူ ပင်ဖြစ်သွားမိပြီလား ဟုတွေးမိသည်။လက်နက်ဆိုင်အပြင်သို့ပြန်ရောက်လာသောအခါမှ ဖေးဟိုင်မေးလာလေ၏။

Spring Breeze in winter Where stories live. Discover now