Chapter 48

177 27 7
                                    

အပိုင်း-၄၈
တစ်ဖတ်သတ်အချစ်

ဖေးဟိုင် နှင့် ရွှယ်ကျင်း တို့နှစ်
‌ေယာက် သစ်ပင်များအားဖျက်ဆီးပြီးတည်းခိုခန်းသို့အပြန် ဖေးဟိုင် တစ်ယောက် သူနှင့်ရင်းနှီးလှသည့်လူတစ်ယောက်အားတွေ့လိုက်လေသည်။ထိုလူသည် ကောင်းကင်ပြာရောင် နှင့်အဖြူရောင် ၀တ်စုံအားဝတ်ဆင်ထားသဖြင့် ယှဉ်ပြိုင်သူမှန်းသိသာသည်။ထို့အပြင် အနှီလူဘေး ၌အတော်အတန်ကြီးနေပြီဖြစ်သော သွေးနီ‌ေရာင်ဝံပုလွေတစ်ကောင် ရှိနေလေသည်။လူအများ မှာ ထိုဝံပုလွေအား အနည်းငယ် ကြောက်ရွံနေဟန်ရှိကာ အနားသို့မကပ်ရဲကြ။

ထိုလူမှာ ထိုက်မုလန်ပင်။ဖေးဟိုင် က ဂိုဏ်းပေါင်းစုံပညာဖလှယ်ပွဲ၌၀င်ပြိုင်မည့် တပည့်ငါးယောက်ထဲတွင် ထိုက်မုလန်ပါမည်ဟုမထင်ထားပေ။ထိုက်မုလန် ဘေးရှိ သွေးနီရောင်ဝံပုလွေပေါက်လေးသည် လည်း ကြီးနေပြီဖြစ်သည်။ယခုအချိန် ၌ ထိုသားရဲ နှင့် လူသားသည် တည့်နေကြပေ၏။သွေးနီရောင်ဝံပုလွေကြီးရဲ့ခန္ဓာကိုယ်သည် ၀ဖြိုးတုတ်ခိုင်ကာ ကြက်သွေးရောင်အမွှေးများ မှာ ဂရုတစိုက်ပြုလုပ်ပေးထားသောကြောင့်ပြောင်လက်ရှင်းသန့် နေပေသည်။

ထိုသည်ကို ကြည့်ခြင်းအားဖြင့် ထိုက် မုလန် ထိုဝံပုလွေအားမည်မျှထိချစ်မှန်းပေါ်လွင်နေ၏။အနှီသွေးနီရောင်ဝံပုလွေ မှာ နှာခေါင်းတစ်ရှုံရှုံဖြင့် ရင်းနှီးလှသည့် ဖေးဟိုင်အနံ့ကိုရရချင်း၊ခေါင်းထောင်လာသည်။ဖေးဟိုင် အား မြင်လိုက်ရသည်နှင့် ဝံပုလွေ ရဲ့ မျက်လုံးများ မှာ စူးရှသွားကာ တစ်ဟုန်ထိုးပြေးလာလေတော့သည်။

"အ‌သေးလေး?"

မြင့်မြတ်နယ်မြေအတွင်းရှိစဉ်ကလည်း ဝံပုလွေပေါက်အား အ‌သေးလေး ဟုသာခေါ်ခဲ့သဖြင့်ကြာလာတော့ ထို 'အ‌သေးလေး' မှာဝံပုလွေရဲ့ နာမည်လိုပင်ဖြစ်သွားရသည်။ထိုက်မုလန် က ဝံပုလွေ ရဲ့ အမည်အားခေါ်လိုက်‌ေသာ်လည်း အသေးလေး မှာ ပြန်လည်တုံပြန်လာခြင်းမရှိ၊ထိုက်မုလန်ရဲ့ စကားကိုလည်း နားမထောင်တော့ပေ။

ထို့ကြောင့် ထိုက်မုလန် မှာလည်းပြေးထွက်သွားသော အသေးလေး နောက်သို့လိုက်ရပြန်သည်။‌အ‌သေးလေး မှာ ဖေးဟိုင် အားတွေ့လိုက်ခြင်း ၀မ်းသာအားရာ ခုန်အုပ်လာလေသည်။အ‌သေးလေး သည် အရင်တုန်းကလို သေးသေးလေး၊မဟုတ်တော့သည့် အတွက် ဖေးဟိုင် မှာ ယိုင်ကနဲ ပင်ဖြစ်သွားရသည်။အ‌သေးလေး မှာ အမြီးတစ်ရမ်းရမ်းဖြင့် ဖေးဟိုင် အားကြိုဆိုနေ‌သည်။

Spring Breeze in winter Where stories live. Discover now