Chapter 73

204 23 2
                                    

အပိုင်း-၇၃
သခင်မဝူပေါင်ကျွင်း၏ ၀မ်းနည်းဖွယ်ရာ အတိတ်ဇာတ်ကြောင်း

စံအိမ်သခင်မဝူပေါင်ကျွင်းက ဆေးတံရှည်ကြီးကို ပါးစပ်၌တေ့ထားရင်း ကြွက်စုတ်လိုဖြစ်လာသော သူ့ရဲ့ တူတော်မောင် ရှောင်ဝူယွင်အားစိုက်ကြည့်လိုက်သည်။

“ဒေါ်လေး လန်ရီ.... ကျွန်တော့်သူငယ်ချင်းတွေက ဒဏ်ရာရနေတာကြောင့် ခရီးဝေးထွက်လို့အဆင်မပြေဘူး၊အဲ့ဒါကြောင့် ကျွန်တော် သံမဏိဝါးစံအိမ်တော်မှာ ခနတည်းမယ်နော်”

သခင်မဝူပေါင်ကျွင်း က အကြောများထောင်ထွက်လာကာ ဒေါသဖြင့် ရှောင်ဝူယွင် နားအားဆွဲလိမ်လာသည်။

“ရှောင်ဝူယွင်....!! မင်းက ယန်ချင်းကွမ့်တပည့်ဖြစ်နေတာကြောင့် မသိချင်ယောင်ဆောင်ပြီး လွှတ်‌ေပးလိုက်‌ေပမဲ့ သောက်ကောင်စုတ်လေး က ငါ့ဆီမျက်နှာပြောင်တိုက်ပြီး ပြန်ရောက်လာရဲတယ်ပေါ့ !!!”

အနောက်ရှိ ဖေးဟိုင် ၊ ရွှယ်ကျင်း ၊ဇီဟောက်တို့ကတော့ ဘာမှဝင်မပြောရဲပေ။

ရှောင်ဝူယွင် က သူ့ရဲ့ချစ်စဖွယ်မျက်နှာလေးဖြင့် မျက်နှာချိုသွေးလာသည်။

“ကျွန်တော်မျိုးနွယ်ကနေ ခိုးထွက်လာတာကြောင့် စိတ်ဆိုးနေမှန်းသိပါတယ်၊ဒါပေမဲ့ ဒေါ်လေးက ဘာလို့ကျွန‌်တော့်ကိုစကားတစ်ခွန်းမှမပြောဘဲ ပျောက်သွားရတာလဲ...”

ရှောင်ဝူယွင် အသံက တစ်ဖြည်းဖြည်းညိုးငယ်သွားရှာသည်။သခင်မဝူပေါင်ကျွင်းကလည်း ညိုးသွားသော သူ့ရဲ့တူတော်မောင်မျက်နှာအားကြည့်ကာ စိတ်ပျော့သွားတော့၏။

“ရူးနေလား အဲ့အချိန်တုန်းက ငါသာမင်းကိုစကားလာပြောရင် မင်းပါခေါင်းပြတ်သွားမှာပေါ့၊သိရဲ့သားနဲ့...”

ရှောင်ဝူယွင်ရဲ့ ခေါင်းက ၀မ်းနည်းမှုကြောင့် တစ်ဖြည်းဖြည်းခေါင်း‌ငိုက်ကျသွားသည်။

“ကျွန်တော်က အရမ်းစိတ်ပူနေခဲ့တာ..အဲ့အချိန်တုန်းကသာ ကျွန်တော်...”

သခင်မဝူပေါင်ကျွင်းက ဆေးတံကြီးဖြင့် ရှောင်ဝူယွင်ခေါင်းအား‌ခေါက်လိုက်သည်။

Spring Breeze in winter Where stories live. Discover now