Chapter 57

167 26 13
                                    

အပိုင်း-၅၇
ရွှယ်ကျင်းရဲ့တစ်နေ့တာ

ထို့နေညပြီးတည်းက ရွှယ်ကျင်း မှာ ဖေးဟိုင် နဲ့မတွေ့မိစေရန်ရှောင်နေ၏။အကြောင်းရင်းကား ရွှယ်ကျင်းတစ်ယောက် ဖေးဟိုင်အပေါ် မရိုးသားတဲ့ ခံစားချက်တွေရှိနေပြီဆိုတာ သိလိုက်ရတည်းက မျက်နှာမပြရဲလောက်သည်အထိ ရှက်နေရသည်။
ဟု‌ိးရှေးတစ်နေ့တုန်းက ဖေးဟိုင် သူ့အဆောင်ဆီရောက်လာပါသေးသည်။ရွှယ်ကျင်း တစ်ယောက် အလျင်အမြန်‌ပုန်းလိုက်သောကြောင့် ဖေးဟိုင် ရှာမတွေ့သွားပေ။

သူ့အဆောင်ရှေ့၌ ဖေးဟိုင် မှာ အချိန်အတော်ကြာတစ်ဝဲဝဲ တစ်လည်လည်လုပ်ပြီးနောက် ပြန်ထွက်သွားသည်။ဖေးဟိုင် ပြန်သွားသောအခါမှသာ ရွှယ်ကျင်းတစ်ယောက် ပုန်းနေရာမှ ပြန်ထွက်လာခဲ့၏။သူ့လို ရွှယ်လင်ဟန် ကလည်း လူတစ်‌ယောက်အား ဤသို့ပုန်းရမည့်နေ့ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပါ။ဤအကြောင်းတွေးမိလိုက်တိုင်းရွှယ်ကျင်း တစ်ယောက် ခေါင်းတစ်ခါခါဖြင့်ရှိနေလေသည်။

ဒီနေ့ ရွှယ်ကျင်း သည် စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။လမ်း၌ ဖေးဟိုင် နှင့် မတွေ့မိစေရန် တစ်ဖွဖွဆုတောင်းနေသည်။ရွှယ်ကျင်း ၏ ဆုတောင်းပြည့်သွားသည်လားမသိ၊
မည်သူနှင့် မှ‌မတွေ့ဘဲ စာကြည့်ဆောင်သို့ ရောက်သွားသည်။စာကြည့်ဆောင် မှူးအား သူ့၏ ကတ်ပြားအားပြလိုက်ပြီးနောက် အပေါ်ဆုံးအထပ်သို့တက်သွားသည်။
ရွှယ်ကျင်း အေပါ်ဆုံးအထပ်သို့ရောက်ရောက်ချင်း၊ ကျင့်ကြံရေး လမ်းစဉ်၊ဓားသိုင်းလမ်းစဉ် စသည့် စာအုပ်များအား ယူလိုက်ကာ ခုံပေါ်၌၀င်ထိုင်လိုက်သည်။

ရွှယ်ကျင်း သည် သူ့အဆောင်ပြီးလျှင် စာကြည့်တိုက်အား သဘောအကျဆုံးဖြစ်သည်။ထိပ်တန်းတပည့်အများစု မှာ စာကြည့်ဆောင်သို့ သိပ်မလာတတ်ကြပေ။ထို့ကြောင့် လူတွေနှင့် မတွေ့ချင်သည့် ရွှယ်ကျင်းအတွက်အဆင်ပြေလှသည်။တိုက်ခိုက်ရေးတောင်ထွတ်သို့ စစချင်းရောက်တည်း သူများတွေ ပျော်ရွှင်နေစဉ် ရွှယ်ကျင်းကတော့ သူ့အဆောင်နှင့် စာကြည့်တိုက်ကလွဲလို့ကျန်နေရာများအား ခြေမလှမ်း။

ရွှယ်ကျင်း မှာသက်တောင့်သက်သာ နှင့်ပင် ကျင့်စဉ်စာအုပ်များအားဖတ်ရှုနေသည်။ကျင့်စဉ်စာအုပ်များသည် အထူကြီးဖြစ်ကြကာ ထိုစာအုပ်တစ်အုပ်နဲ့တင် လူရိုက်သတ်လို့ရနိုင်၏။ထို့အပြင် ဤသည်နှင့်မပြီ‌းသေး အတွဲ-၁ အတွဲ-၂ ဟူ၍လည်း ရှိသေးသည်။ထိုစာအုပ်များအား ရွှယ်ကျင်း ကတစ်ချက်တစ်လေ တောင်မညည်းညူပဲ တစ်ထိုင်တည်းဖတ်နိုင်သည်။

Spring Breeze in winter Where stories live. Discover now