Chapter 71

177 27 10
                                    

အပိုင်း - ၇၁
မြေပြင်ပေါ်က နေမင်းငါးစင်း

သူတို့လမ်းကိုဟန့်တားနေသည့် တစ္ဆေမြို့ပျက်ကြီး ပျက်ဆီးသွားပြီဖြစ်သောကြောင့် ချင်းလုံ နဂါးမျက်လုံးကလည်း ပြန်လည်အလုပ်လုပ်လာပြီဖြစ်သည်။ဖေးဟိုင် နှင့် ရွှယ်ကျင်းတို့က ယခုထို မျက်လုံးညွှန်ပြနေသည့် နေရာသို့သွားနေခြင်းဖြစ်၏။ခနအကြာ မြူမှိုင်းနေသော တောင်တစ်လုံးအားတွေ့လိုက်ရသည်။သူတို့က တောင်ပတ်လမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့ပြီး အဆုံး၌ ချင်းလုံနဂါးမျက်လုံး က ရပ်တန့်သွားတော့သည်။

သူ့ရဲ့လမ်းပြခြင်းတာ၀န်က ပြီးဆုံးသွားပြီဖြစ်သောကြောင့် ပွင့်နေသည့် မျက်လုံးက ပြန်လည်ပိတ်သွားလေသည်။သူ့အလုပ်ပြီးသွားပြီဖြစ်သောကြောင့် အိပ်သွားသည့်သဖွယ်။
ထို့ကြောင့် ဖေးဟိုင်တို့ကလည်း ထိုနေရာ၌ရပ်တန့်လိုက်ကြ၏။မြူတွေက ထိုနှစ်ယောက်အား လမ်းရှင်းပေးလိုက်သလိုပင် ပျောက်ကွယ်သွားကာ အဆုံး၌ ဂူတစ်လုံးက သာစောင့်ကြိုနေလေ၏။ဖေးဟိုင် နဲ့ ရွှယ်ကျင်းတို့က ထိုဂူအတွင်းအလျင်စလိုမ၀င်သွားပေ။

ဖေးဟိုင် ကမြေပုံအားထုတ်လိုက်ကာ ယခုရောက်နေသည့်နေရအား ကြည့်ရှုလိုက်သည်။မြေပုံအတွင်း၌ တောင်တစ်လုံးပုံစံရှိနေပြီး ၎င်းတောင်သည် ‘နေမင်းတောင်’ ဟုအမည်ရ၏။သူတို့အရှေ့၌ရှိနေသည့် အနှီ လိုဏ်ဂူဟာ ‘နေမင်းငါးစင်းဂူ' ဟူ၍အမည်တွင်သည်။‘နေမင်းငါးစင်းဂူ’ ထိုနာမည်အားကြားလိုက်သည်နှင့် သခင်မဝူပေါင်ကျွင်းပြောခဲ့သည်က အနှီစကားအား သူ့အလိုလိုပင်နားလည်သွားတော့၏။

မြေပြင်ပေါ်၌ရှိနေသည့်နေမင်းငါးစင်းဆိုသည်မှာ အနှီဂူကိုဆိုလိုခြင်းဖြစ်နေလေသည်။ဖေးဟိုင် တို့နှစ်ယောက် ဂူအပေါက်၀၌ရပ်နေတုန်းပင် မြူတောကြားမှ ခြေသံများ
ကြားလိုက်ရသည်။နှစ‌်ယောက်လုံးက ချက်ချင်းဆိုသလို သတိအနေအထားဖြစ်သွားသော်လည်း မြူအုပ်ကြားထဲမှ ထွက်လာသော အာကျယ်၊အာကျယ်ရယ်သံကြောင့် ဖေးဟိုင်ရဲ့ မျက်နှာက မဲ့သွား၏။ထိုအသံက မည်သူ့မှမဟုတ် ဇီဟောက် အသံကြီးဖြစ်နေလေသည်။

Spring Breeze in winter Where stories live. Discover now