Unicode
.
.
.
2လဆိုတဲ့ အချိန်အတွင်းမှာ အရာအားလုံးဟာ ပုံမှန်အတိုင်းလည်ပတ်နေဆဲ...။ကိုယ်တို့Groupအနေနဲ့ ကလေးငယ်တို့Companyကို အကျိုးတူပူးပေါင်းလိုက်တာကြောင့် အန်ကယ်တို့နဲ့ စီးပွားဖက်တွေဖြစ်သွားပြီး အမြဲတမ်းဝင်ထွက်သွားလာနေတာကြောင့် မိသားစုရင်းချာပမာ ရင်းနှီးလာခဲ့သည်။
သေချာပေါင်းကြည့်မှ ကလေးငယ်တို့မိသားစုက အရမ်းရိုးသားပြီး သဘောကောင်းကြတာ...။
ပြီးတော့ ကလေးငယ်ကလည်း လိမ္မာပြီး ဂျစ်တိုက်တက်တဲ့ ကလေးဆိုးလေး...။
ကိုယ့်ကိုလည်း သံယောဇဉ်ရှိပြီး ခင်တွယ်ရှာသည်။သူပြောသမျှ သူ့idolအကြောင်းတွေကို မညီးမညူနားထောင်ပေးလို့လည်း ပါတာပေါ့...။
Min Yoongiဆိုတဲ့ idolကောင်လေးကို တကယ်အားကျမိပါသည်။
ကလေးငယ်က သူ့ကိုဆို သဲသဲလှုပ်အောင် ချစ်တဲ့Fanboyလေး...။သူ့အချစ်ဆုံးသူငယ်ချင်း Namjoonဆိုတဲ့ ကောင်လေးက နယ်ဘက်ကိုပြောင်းသွားတာကြောင့် အဖော်မရှိဘူးဆိုပြီး အိမ်လာနေကျကိုယ့်ကိုလည်း အသက်ကွာပေမဲ့ သူငယ်ချင်းလိုသဘောထားကာ ပေါင်းသင်းဆက်ဆံသည်။
"ဦးJin. ..ဘာစားမှာလဲလို့ မေးနေတာကိုမဖြေဘူး"
သူမေးတာကို တစ်ခွန်းထဲနဲ့မဖြေလို့ ထင်ပါရဲ့...။
အသဲပုံနှုတ်ခမ်းတို့က ချစ်စဖွယ်ကောင်းစွာ စူထွက်လာလေသည်။သိပ်ချစ်ဖို့ကောင်းအောင်မလုပ်နဲ့ ကလေးငယ် ကိုယ့်အတ္တတွေကို မထိန်းချုပ်နိုင်မှာဆိုးတယ်။
"Hot Chocolateဘဲသောက်တော့မယ် Hoလေးကရော ဘာစားမှာလဲ ကိုယ်သွားမှာပေးမယ် "
"ရတယ် ဦးJin ကျွန်တော့်ဘာသာပဲ သွားမှာလိုက်မယ် "
"ဘာဖြစ်လို့လဲ ခါတိုင်းလဲ ကိုယ်ပဲသွားမှာပေးနေကြလေ "
အရင်ကဆို နှစ်ယောက်ထဲ မုန့်သွားစားတိုင်း အခုလို Counterကိုသွားပြီး ကိုယ်တိုင်မှာရတဲ့ ဆိုင်မျိုးဆို ပျင်းတယ်ဟုဆိုကာ ကိုယ့်ကိုပဲ သွားမှာခိုင်းတဲ့ ကောင်လေးက အခုတော့ ကိုယ်တိုင်ကိုယ်ကျသွားချင်နေလေရဲ့...။
"ဒီနေ့တော့မတူဘူးလေ ခံစားသင့်တဲ့လှပတဲ့ အရာလေးတွေရှိတယ် "
YOU ARE READING
𝗥𝗘𝗠𝗘𝗗𝗬 𝗢𝗙 𝗟𝗨𝗡𝗔𝗧𝗜𝗖
FanfictionBoth Zawgyi and Unicode ပန်းလေးကိုသဘောကျတဲ့သူကခူးယူဖို့ကြိုးစားမယ်။ ပန်းလေးကိုချစ်တဲ့သူကတော့ ထိုပန်းလေးရှင်သန်နေတာကို အမြတ်တနိုးနဲ့ငေးကြည့်မယ်။ ပန်းလေးကိုခူးယူခဲ့တဲ့ Kim Seokjinက ထိုပန်းလေးရှင်သန်နေတာကို ဖျက်ဆီးခဲ့တာမဟုတ်ပဲ သူ့အပိုင်ဥယျာဉ်လေးထဲမှာ အ...