Part(19)

517 94 32
                                    

Unicode
.
.
.
အစည်းအဝေးပြီးတာနဲ့ ရုံးခန်းထဲကိုသာ ချက်ချင်းပြန်လာခဲ့သည်။
အပြင်မှာအေးနေပေမဲ့ အနည်းငယ်သလိုပူခံစားရတာကြောင့် အဲကွန်းကိုဖွင့်ပြီး ခုံပေါ်ခေါင်းမှီကာ အနားယူလိုက်သည်။
လက်ပေါက်ကပ်တဲ့ ရှယ်ယာရှင်အဘိုးကြီးတွေကို အစည်းအဝေးလုပ်တိုင်း နားဝင်အောင်ပြောရတာ တော်တော်လေးကိုပင်ပန်းသည်။

*ဒေါက်*ဒေါက်*

"အတွင်းရေးမှူးLeeဆိုဝင်ခဲ့ "

"CEO...အပြင်မှာအမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေလို့ပါ"

"ဘယ်သူလို့ပြောလဲ "

"ငါပါseokjinရယ်"

တံခါးဖွင့်ပြီးဝင်လာတဲ့ Shinjooက ခုံပေါ်ခြေပစ်လက်ပစ်ထိုင်ရင်း ပြောလာသည်။

"အတွင်း‌ရေးမှူးLee...မင်းသွားလို့ရပြီ "

အတွင်းရေးမှူးLeeထွက်သွားမှ Shinjooဘက်ကို လှည့်ကြည့်မိသည်။
ဒီအချိန်ခဏလေးအတွင်းမှာ စားပွဲပေါ်မှာထားထားတဲ့ အဆာပြေကွတ်ကီးထုပ်တွေကို တစ်ထုပ်ပြီးတစ်ထုပ် အားရပါးရစားနေလေသည်။

"Shinjoo...နင်ဒီကိုဘာလာလုပ်တာလဲ "

"အီးဟီး...Seokjin"

ကိုယ့်စကားသံကြားမှပဲ ရုတ်တရက်ထငိုတော့ လန့်ဖျန့်သွားမိသည်။

"ရုတ် ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ "

"Seokjinရယ်...နင်လည်းသိပါတယ် ငါ့မှာလူမှန်းသိတက်စအရွယ်ကနေစပြီး အခုချိန်ထိ နင်တစ်ယောက်တည်းကိုပဲချစ်ခဲ့တာ ဒါပေမဲ့ အခု...အခုတော့ နင်က‌ယောက်ျားရသွားပြီလေ အီးဟီး...နင်မိန်းမရတယ်ဆိုရင်တောင် ငါကကိုယ့်ကိုကိုယ်ဗီလိန်အဖြစ်ခံပြီး စနိုက်ကြော်ပစ်ဦးမှာ အခုငါနင့်ကိုစနိုက်ကြော်ရင်း ငါအမုန်းဆုံးဘဝကိုငါရောက်သွားမှာ "

ငိုငိုပြီးပြောနေတဲ့ Shinjooပြောသမျှတစ်လုံးမှ နားမလည်တော့ ငြိမ်ပြီးသာနားထောင်နေလိုက်သည်။

"ထားပါတော့... LAမှာနေတုန်းက ပရိုင်ကန်သော်ပိနီတွေကြည့်ပြီး အဆင်မြင်တိုင်းလင်ပေးစားချင်ပြီး ဟုတ်ဟုတ်မဟုတ်ဟုတ် အတင်းတွေဆွဲစိပေးခဲ့လို့ ပြန်ပေးဆပ်ရတဲ့ fujoshiမတစ်ယောက်ရဲ့ ပေးဆပ်မှုလို့ပဲသဘောထားလိုက်တော့မယ်...ဒါနဲ့နင်ကTဆိုတာသေချာတယ်မလား "

𝗥𝗘𝗠𝗘𝗗𝗬 𝗢𝗙 𝗟𝗨𝗡𝗔𝗧𝗜𝗖Where stories live. Discover now