Part (21)

421 85 33
                                    

Unicode
.
.
.

Studioထဲမှာ တစ်ညလုံးသီချင်းတွေရေးရင်း မှေးကနဲအိပ်ပျော်သွားလို့ ပြန်နိုးလာတော့ နေတောင်အတော်မြင့်နေပြီ။
အိပ်ချင်နေဆဲ မျက်လုံးတွေကိုပွတ်သပ်ပြီး အညောင်းအညာပြေသွားအောင် အကြောဆန့်လိုက်ပြီး ကော်ဖီတစ်ခွက်ဖျော်သောက်လိုက်သည်။

ဒီလိုပါပဲ Scandalမရှိတဲ့နေ့တွေဆို studioမှာပဲ ညလုံးပေါက်သီချင်းရေးနေကြ။
ခါးသက်သက်ကော်ဖီအရသာကြောင့် ညီးစိစိဖြစ်နေတဲ့စိတ်တွေက အတော်အတန်လန်းဆန်းသွားသည်။
Albumအသစ်ထုတ်ဖို့ကိစ္စအတွက် ဆွေးနွေးဖို့ CEOရုံးခန်းဆီသို့ဦးတည်လိုက်သည်။

*ဒေါက်*ဒေါက်*

"ဝင်ခဲ့ "

တံခါးကိုဖွင့်ပြီးဝင်သွားလိုက်တော့ Bang PD Nimအပြင် ဧည့်သည်နှစ်ယောက်ပါရှိနေတာကြောင့် အားနာမိသွားသည်။

"ဧည့်သည်တွေရှိနေတာပဲ ကျွန်တော်နောက်မှထပ်လာခဲ့လိုက်တော့မယ် "

"ရပါတယ် Yoongiရယ်...ဧည့်သည်တွေမဟုတ်တော့ပါဘူး နောက်ဆိုဒီEntertainmentမှာပဲ traineeဖြစ်လာမှာ ဒီမှာလာထိုင်မိတ်ဆက်ပေးမယ် "

PD Nimသဘောအတိုင်း လွတ်နေတဲ့ခုံမှာ ဝင်ထိုင်တော့ ဧည့်သည်နှစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားပြီး အခုမှသူတို့မျက်နှာကိုကြည့်မိတော့သည်။
Jung Hoseok...သူ့မျက်နှာကိုမြင်ရတော့ Yoonjaeကိုမြင်ယောင်လာပြီး ရင်ထဲကနာကျင်လာသည်။

"Yoongi...သူကJung Hoseokတဲ့ ငါတို့ရဲ့Traineeအသစ်လေးပေါ့ ဒီဘက်ကတော့သူ့ဦး‌လေး Kim Seokjinတဲ့ သိတယ်မလား RJ Groupရဲ့CEOလေ "

Kim Seokjinဆိုတဲ့လူက ဟိုတစ်ခါ ဘူဆန်ကစားသောက်ဆိုင်မှာ သူနဲ့အတူတွဲတွေ့ခဲ့တဲ့လူ။
ကိုယ်တိုင်မြင်ခဲ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံပုံတွေက ဘယ်လိုမှတူဝရီးပတ်သတ်မှုမဖြစ်နိုင်။
Jung Hoseok...မင်းကရုပ်လေးနဲ့မလိုက်အောင် လိမ်လည်လှည့်ဖျားတက်သေးတာပဲ။
RJရဲ့CEOဆိုတော့ ကျွန်တော့်ညီလိုအထက်တန်းကျောင်းသားလေးက ဘယ်ယှဉ်နိုင်ပါ့မလဲ။

"တွေ့ရတာဝမ်းသာပါတယ် Kim Seokjinပါ ရှေ့လျှောက်ရင်းရင်းနှီးနှီးနေကြတာပေါ့ Hoလေးကိုလည်း အကူအညီတောင်းပါတယ် "

𝗥𝗘𝗠𝗘𝗗𝗬 𝗢𝗙 𝗟𝗨𝗡𝗔𝗧𝗜𝗖Where stories live. Discover now