Part(18)

443 92 34
                                    

Unicode
.
.
.

"Yoongi hyung...ရူးများသွားပြီလား ဆေးရုံတွေဘာတွေပို့ရမယ်ဆိုလည်း ကြိုပြောဦး တော်ကြာအင်တာဗျူးကြမှ ထဖောက်နေရင် နာမည်ကြီးidol rapperကြီးAugust Dကရူးနေပါတယ်ဆိုပြီး သတင်းခေါင်းစီးတွေမှာနေရာယူသွားဦးမယ် "

အရှေ့မှာလာထိုင်ရင်း ပြောင်ချော်ချော်ပြောနေတဲ့ Jiminကိုဘေးနားက ကူရှင်နဲ့သာကောက်ပေါက်လိုက်သည်။

"ပြောင်ချော်ချော်လုပ်မနေနဲ့ Jimin "

"hyungကလည်းစိတ်ကြီးပဲ ဒါလေးပြောတာကို...ဒါနဲ့လက်ထဲက ပလာစတာကဘယ်သူပေးထားတာမလို့ တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေရတာလဲ ပြစမ်းပါဦး...ကလေးဆန်လိုက်တာဗျာ ကာတွန်းရုပ်တွေနဲ့ "

လက်ထဲကပလာစတာကို ဆွဲယူရင်း နှုတ်ခမ်းတထော်ထော်နဲ့ ပွစိပွစိပြောနေတဲ့ Jiminဟာ ဘဲပေါက်စလေးလို။

"ပေးစမ်းပါကွာ...မင်းကိစ္စမပါဘူး မင်းကရော မင်းအိမ်မင်းမပြန်တော့ဘူးလား ငါ့ကွန်ဒိုမှာပဲ ညအိပ်မှာလား "

"ပြန်မှာပါဗျာ... hyungအခန်းထဲမှာ မနက်ဖြန်ဝတ်ရမယ့် Outfitsတွေကို ချိတ်ထားခဲ့တယ် Scandalတွေကိုလည်း Mailနဲ့ပို့ထားတယ် တစ်ချက်စစ်ကြည့်လိုက်ဦး မနက်ဖြန်၁၀နာရီလောက်လာခေါ်မယ် အဆင်သင့်ဖြစ်အောင်လုပ်ထားနော်.. "

"..."

"ကြားရင်လည်းနည်းနည်းလေးတော့အဖက်လုပ်ဦးလေ အမယ်လေး...Min Yoongiလိုအ‌ချေကိုယ်တော်ရဲ့ မန်နေဂျာလုပ်ရတာလည်း လွယ်ကူမနေပါဘူးဗျာ  လစာတိုးပေးရင်တိုးပေးနော် မတိုးပေးရင်အလုပ်ထွက်ပစ်မှာ"

အားနေလစာတိုးပေးဖို့ပဲပြောနေတာ ကျွန်တော်နဲ့ကီးကိုက်တဲ့ တစ်ဦးတည်းသော မန်နေဂျာလေးမလို့ သူအလုပ်ထွက်လို့ကလည်းလုံးဝမဖြစ်။

"အေးပါကွာ CEOကိုပြောလိုက်မယ် သူမတိုးပေးလည်းငါပေးမယ် ရပြီလား "

"ပြီးရော "

လူပုစိတ်တိုJiminလေး ထွက်သွားတော့မှ လက်ထဲကပလာစတာလေးဆီ အကြည့်ပြန်ရောက်သွားရင်း အတွေးတို့က လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်က BusanမှာPhotoshootingအပြီး Jiminနဲ့လာစားနေကျ Tteok bokkiဆိုင်လေးကို တစ်ယောက်ထဲထွက်လာခဲ့တဲ့ ညနေခင်းလေးဆီသို့...။

𝗥𝗘𝗠𝗘𝗗𝗬 𝗢𝗙 𝗟𝗨𝗡𝗔𝗧𝗜𝗖Where stories live. Discover now