Part (22)

458 85 28
                                    

Unicode
.
.
.
ကားတံခါးကိုမှီရင်း လက်ထဲတွင်coatတစ်ထည်ကိုင်ကာ ကလေးငယ်ထွက်အလာကို Entertainmentရှေ့တွင် စောင့်နေမိသည်။
ဒီဇင်ဘာရဲ့အအေးဓာတ်က နှင်းမကျ‌သေးပေမယ့် Minusဖြစ်နေတာမလို့ အသက်ရှူထုတ်လိုက်တိုင်း အငွေ့လေးတွေလွင့်ပျံလာသည်။

ဆယ်နာရီတောင်ကျော်နေပြီ...အခုထိကလေးငယ်ကထွက်မလာသေး။
မနက်ဆယ်နာရီကနေ ညဆယ်နာရီထိတစ်နေကုန် Trainingဆင်းနေရတာ ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ ကိုယ့်ကလေးငယ်...။

"ဦးJin...ရောက်နေတာကြာပြီလား အေးနေတာကို ကားထဲမှာစောင့်နေတာမဟုတ်ဘူး "

Entertainmentထဲကလှုပ်တုတ်လှုပ်တုတ်နဲ့ ထွက်လာတဲ့ ကလေးငယ်က ကိုယ့်ကိုလည်းမြင်ရော အနားကို အပြေးအလွှားရောက်လာလေသည်။

"Hoလေးရယ်...ဘာလို့ပြေးလာရတာလဲ ချော်လဲကုန်မှဖြင့် "

"ဦးJinစောင့်နေရတာကိုအားနာလို့ပါ "

"ကိုယ့်ယောက်ျားက ချစ်လို့လာကြိုတာကို အားနာစရာမလိုပါဘူး Hoလေးရယ် "

"ဟာ...ဘာတွေလျှောက်ပြောနေတာလဲ ဦးJin "

ချက်ချင်းပင်မျက်နှာလွှဲကာ ပါးနှစ်ဖက်ကရဲတက်လာတဲ့ ကလေးငယ်က ဒီလိုပြောတာကို ရှက်နေတဲ့ပုံပင်။အသည်းယားစရာလေး...။

"လျှောက်မပြောပါဘူး Hoလေးရဲ့ယောက်ျားက မတ်တပ်ရပ်ပြီးပြောနေတာ အချစ်ရဲ့ "

"ဟာ...မပြောပါနဲ့ဆို "

တဖြည်းဖြည်းနဲ့ နီရဲလာတဲ့မျက်နှာလေးက ပေါက်ထွက်တော့မတက်။
ဘာလို့ဒီလောက်ရှက်နေတာလဲ။
နောက်ဆိုသိပ်မရှက်တော့အောင် ဒီလိုစကားတွေ များများပြောပေးမှပါလေ။

"အဲ့လောက်ထိ မရှက်ပါနဲ့ ကိုယ်ကစတာပါ "

"ဘယ်..ဘယ်မှာရှက်နေလို့လဲ မရှက်ပါဘူး "

မျက်လုံးချင်းမဆုံအောင်ရှောင်ပြီး စကားတွေထစ်ကာပြောလာတဲ့ ကလေးငယ်က မရှက်ဘူးဆိုပြီး လူကြီးကိုလာလိမ်နေသည်။
ဒီကလေးကတော့ အပြစ်ပေးလိုက်ရရင် မကောင်းရှိတော့မယ်။

"အော်...မျက်နှာတွေရဲနေတော့ ကိုယ်ကရှက်နေတာလားလို့ "

"မျက်နှာတွေရဲတာက အေးလို့ပါဗျာ "

𝗥𝗘𝗠𝗘𝗗𝗬 𝗢𝗙 𝗟𝗨𝗡𝗔𝗧𝗜𝗖Where stories live. Discover now