🍑Part - 30🍑

1K 76 7
                                    

[Zawgyi Version]

"ကိုယ်​ဝန်​ရှိတာဝမ်းသာရမဲ့ကိစ္စလေ"
"ဘာဖြစ်​လို့အထင်​လွဲသွားတာလဲ"

"ကိုကိုကကလေးရှိတာသိတော့အရမ်းပျော်​နေတာ"
"ထယ်​က..တားဆေးတွေ..သောက်​ထားရဲ့သားနဲ့..
ကိုယ်​ဝန်​ရှိသွားတာလဲလို့ပြောမိသွားတယ်​မားရယ်​"

"အင်း...အဲ့တာထယ်​လေးမှားတာပေါ့"
"အိမ်​ထောင်​တစ်​ခုမှာကလေးရလာဖို့အချို့လူတွေက
နည်းလမ်းမျိုးစုံကြိုးစားကြရတယ်​..ဘယ်​လောက်​ပဲ
ကလေးရချင်​ပါစေ..မရတဲ့သူတွေတစ်​ပုံကြီးအင်​မတန်
ကံကောင်းမှသာလျှင်​..ကလေးကရှိလာတတ်​တာ"

"ဟင့်​..ထယ်​လေး..အဟင့်​...မှားသွားပီ"
"ကလေးလေးကိုမလိုချင်​သလိုဖြစ်​သွားပီ"

"သားကထယ်​လေးကိုအရမ်းချစ်​ပီးအလိုလိုက်​ထား
တာမားတို့အမြင်​ပဲလေအခုကိုယ်​ဝန်​ရှိလာတော့ငါမိဘ
ဖခင်​ဖြစ်​လာတော့မှာပါလားအဲ့လိုစိတ်​ဖြစ်​နေမှာ"

"ဟင့်​..ထယ်​ကို..မုန်းပီးပြန်​မခေါ်တော့ရင်​..ဘယ်​လို
လုပ်​မလဲဟင်​..ထယ်​ကြောက်​တယ်​"

"သားအကြောင်းမားသိပါတယ်​ကွယ်​"
"ထယ်​လေးသာပြန်​တောင်းပန်​ရင်လက်​ခံမှာပါ"

"အွင်း..အွင်း"
"ကိုကို့ကိုထယ်​ပြန်​တောင်းပန်​မယ်​"

















"သားရေဖြစ်​ကြောင်းကုန်​စင်​ကတော့အဲ့တာပါပဲ"
"မားတို့ကအိမ်​ပြန်​ဖို့နားချပါသေးတယ်​"
"သားစိတ်​ဆိုးမှာကြောက်​လို့ရက်​ပိုင်းလောက်​နေဦး
မယ်​ပြောလို့..မားတို့လဲလွှတ်​ထားလိုက်​တာ"
"မနေ့ညကပေါ့..ထယ်​လေးကသားကိုလွမ်းတယ်​တဲ့
ပျောက်​သွားတာတောင်​လိုက်​မရှာဘူးဆိုပီးမရပ်​မနား
ငိုနေလို့..သားကိုညတွင်းချင်းလာခဲ့ဖို့ပြောလိုက်​တာ"

ကျွန်​တော်​ကလေးကိုနားလည်​အောင်​ရှင်းပြခဲ့သင့်​တာ!
"ကလေးကိုချက်​ချင်းလဲမလိုက်​ရှာမိဘူး"
"နောက်​မှလိုက်​ရှာပီးမတွေ့တော့မှရဲစခန်းမှာတိုင်​ချက်
ဖွင့်​လိုက်​တာ..ဒါပေမဲ့လဲ..မထူးရှားပါဘူး..ဒီဘက်​ကို
အသိပေးပြန်​မယ်​ဆိုရင်​လဲ..စိတ်​ပူကုန်​ကြမှာစိုးလို့..
မပြောဖြစ်​လိုက်​ဘူး..ကျွန်​တော့အမှားလဲပါ..ပါတယ်​"

TRUE LOVE [COMPLETED]Where stories live. Discover now