🍑Part - 4🍑

3.3K 305 35
                                    

[Zawgyi Version]

သူတို့ကားပေါ်တက်​လိုက်​လာပီး..Nam Joon..
ငြိမ်​ငြိမ်​လေး..ထိုင်​နေလိုက်​သည်

ထိုသူတွေက..တစ်​လမ်းလုံးလဲဘာစကားတစ်​ခွန်းမှ
မပြောပဲကားစမောင်းလာလိုက်​တာအခုဆိုရင်​မြို့ပြင်
လမ်းမကြီးဘက်​တောင်​ရောက်​တော့မည်​ပင်​ဖြစ်​သည်

သူတို့တွေငါ့ကိုသတ်​ဖို့ခေါ်လာတာများလား
ဒါမှမဟုတ်​ ကလိစာတွေထုတ်​ရောင်းစားဖို့လား
အမယ်​လေး..ဖတ်​..ဖတ်​..လွဲပါစေ..ဖယ်​ပါစေ
Nam Joonခေါင်းထဲအတွေးပေါင်းစုံဝင်​လာသည်














ကျွီ..........ချလောက်​!

ခင်​ဗျားဆင်းလို့ရပီ!

"ဦးလေးကဘယ်​နေရာကိုသွားရမှာလဲ"

ထိုသူကလက်​ညှိုးထိုးပြကာ.........
ဟိုအရှေ့မှာ5ထပ်​တိုက်​မြင်​လား!
အဲ့ကိုသွားလိုက်​!
အောက်​ထပ်​မှာသခင်​လေးခင်​ဗျားကိုစောင့်​နေတယ်​!

"ဦးလေးသွားလိုက်​ပမယ်​"

ဟူး...ငါ့သားအရွယ်​ကို..တရိုတသေပြန်​ဖြေနေရတဲ့
ဘဝပါလား...ဆိုးလိုက်​တာ





Wow...ခြံဝန်းကအတော်​လေးကျယ်​တာပဲ
တိုက်​ကလဲအကြီးကြီးပဲမိုက်​လိုက်​တာ
ဟင်း..ဒီလိုအိမ်​မျိုးမှာနေရလို့ကတော့သေပျော်​ပီ

အိမ်​ထဲမှာတော့လူရိပ်​တောင်​မတွေ့ပေ
စိတ်​ခြောက်​ချားလာပီးကျောချမ်းလာသလိုပင်

ရှပ်​....ရှပ်​!
ထိုစဉ်​လမ်းလျှောက်​လာသံကြားလိုက်​ရသည်
ခြေသံတော့ကြားတယ်​..သခင်​လေးလားမသိ

"ဦးကKim Nam Joonဆိုသူလားဗျ"

"ဟုတ်​ပါတယ်​..ကျွန်​တော်​ပါပဲ..သခင်​လေး"

"ကျွန်​တော်​က..ဦးလေးသားလေးအသက်​နဲ့ရွယ်​တူ
လောက်​ပဲဆိုတော့..ကျွန်​တော့်​ကိုကိုယ့်​သားအရင်း
တစ်​ယောက်​လိုပဲ..စကားပြောလို့ရပါတယ်​"

"သခင်​လေးဆိုလို့..ကျွန်​တော်​က..အာ..ဦးလေးက
အသက်​ကြီးမယ်​ထင်​ထားတာ..သေချာတွေ့တော့မှ
သားထယ်​နဲ့အသက်​တူလောက်​လေးပဲ"

TRUE LOVE [COMPLETED]Where stories live. Discover now