💕 အပိုင်း 1 💕

23.7K 374 9
                                    

Unicode:

Be My Love

💕 Part - 1 💕

ပွဲဖြစ်သွားလို့ မြိုးမြိုးမြတ်မြတ်ရလာတဲ့ ပွဲစားခ 1 သောင်းတန် အသစ်ချွတ်ချွတ်လေးတွေကို တစ်ရွက်ချင်းစီ မိုးစွေ ရေတွက်ရင်း နှုတ်ခမ်းတွေကလဲ ကျေနပ်စွာပြုံးနေရသည်......

ဒီလောက်ပမာဏဆိုရင်တော့ ဟို ၃ယောက် တဂျီဂျီ ပူဆာတာလေးတွေ၀ယ်ပေးနိုင်ပြီး အမေ့ကိုလဲ ကန်တော့နိုင်တော့မည် .....

ပိုက်ဆံထပ်လေးကို လက်ဖ၀ါးနဲ့ တစ်ချက်ရိုက်လိုက်ပြီးမှ အိတ်ထဲ ထည့်လိုက်သည်.....

ပြီးတော့ ဆောင်းထားသည့် လျှာထိုး ဦးထုပ်လေးကို သေချာပြန်တည့်ကာ စိတ်ပျော်နေတာမို့ လေလေးချွန်လိုက်မိသည်.....

နေ့တိုင်း နေ့တိုင်း ဒီလိုပွဲမျိုးလေးဖြစ်ပြီးရေလျှံနေရင် ဘယ်လောက်ကောင်းလိုက်မလဲ ......

မိုးစွေ အေးဆေး လမ်းလျှောက်ပြီး အိမ်ပြန်နေတုန်း သူ့ရှေ့ကနေ ပိတ်ပြီး ရပ်လိုက်သည့် ဇော်ကြီးတို့ အုပ်စုကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်.......

"ဟေ့ကောင် မိုးစွေ ရပ်လိုက်... "

သူတို့ လက်ထဲမှာလဲ တုတ်တွေကိုင်ထားတာကြောင့် အခြေအနေကို ရိပ်မိပြီး မိုးစွေ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်သည်......

"ဘာကိစ်စလဲ ..... "

"ငါဖန်ထားတဲ့ ပွဲမှန်သမျှ ခွက်ကျော်လုသွားတဲ့ မင်းကို ဒီနေ့တော့ ကောင်းကောင်းဆုံးမပေးမလို့ စောင့်နေတာ ..... "

"ဘာ .......  မင်း ဘာတွေပြောနေတာလဲ ဇော်ကြီး ... မင်းပြောတာတွေငါတစ်ခုမှ နားမလည်ဘူး ...... "

"မင်းဒီနေ့ဖြစ်သွားတဲ့ပွဲက ငါ့ဟာကွ .....
ငါနဲ့ အရင်ချိတ်ထားပြီးသားပွဲ ..... အဲ့တာကို မင်းက ကြားထဲက ဖြတ်ခုတ်သွားတာ..... မင်း ဖျံကျသွားလို့ ငါပွဲမဖြစ်တာကွ ..... "

"ဒီမှာ ဇော်ကြီး မင်းလဲ ပွဲစားလောကမှာ
ကျင်လည်နေတဲ့ကောင်ပဲ .....  ဒီလောက က ဦးသူစားစတမ်းပဲဆိုတာကို မင်းနားမလည်ဘူးလား ....... မင်းနဲ့ အရင်ချိတ်ထားပြီးသားဆို သူက ဘာကိစ္စ ငါနဲ့ ပွဲဖြစ်ရမှာလဲ ..... "

💕 Be My Love 💕Where stories live. Discover now