💕 အပိုင်း 9 💕

5.5K 241 2
                                    

Unicode:

Be My Love

💕 Part -9 💕

အိမ်ပြန်ရောက်တဲ့အထိ ခြံထဲက အဖြစ်ကို ပြန်ပြန်တွေးကာ ဒီဒီ ရှက်အားပိုနေမိသည်.......

အဟွန်း..... သူမကို မိုးစွေက နမ်းသွားခဲ့တာလေ......

မိုးစွေနှုတ်ခမ်းထူထူလေးတွေကြားထဲမှာ သူမနှုတ်ခမ်းလေး နစ်မြုပ်သွားခဲ့သည့်အချိန်က တကယ်ကို ဘ၀မှာ ရင်ခုန်စရာအကောင်းဆုံး အခိုက်အတန့်ပင်.......

ဟား ...... ဒီဒီ ရင်တွေခုန်လိုက်တာ တအားပဲ .....

ဒီဒီ ပြန်တွေးရင်းကြည်နူးလာရတာမို့ အိပ်ရာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့် ဖြစ်နေရသည်......

ဒီနေ့က သူမဘ၀အတွက် တကယ့်ကို legendary day ပင်..... တစ်မိုးအောက် မိုးစွေက သူမကို အရင်ထဲက ချစ်နေတယ်ဆိုတဲ့ အကြောင်းတွေပါ သိလိုက်ရသည့်အပြင် မိုးစွေနဲ့ တစ်ခါထဲ ချစ်သူတွေဖြစ်သွားကြတာ.......

အခုချိန် ကမ္ဘာပေါ်မှာ အပျော်ဆုံး လူသားကို ပြောပါဆိုလျှင် ဒီဒီ ကိုယ့်ကိုယ်ကိုယ်ပဲ လက်ညှိုးထိုးရမည့်ပုံပင်........

ပြန်ရောက်ထဲက အခန်းထဲ၀င် အိပ်ရာပေါ်မှာ လှဲကာ တွေးတွေးပြီး ကြည်နူးနေမိတာ ဘယ်နှနာရီတွေ ထိုးလို့ ထိုးသွားမှန်းမသိပေ .......

ဗိုက်ထဲ ဆာသလိုလိုရှိလို့ ထကြည့်မိတော့မှ ညနေ 5 နာရီတောင်ထိုးနေပြီ ဖြစ်သည်.......

ညစာစားချိန်လဲမဟုတ်သေးဘူးဆိုတော့ ရေခဲသေတ္တာထဲမှာ ရှိနေမည့် အဆာပြေ မုန့်တစ်ခုခုစားရန် ဒီဒီ အခန်းထဲမှ ထွက်လာခဲ့လိုက်၏......

အိမ်အောက်ထပ်ကို ဆင်းလာတော့ မိုးစွေနဲ့ ဒီပါက ခြံထဲမှာ Tennis ရိုက်နေကြသည်......

ဒီဒီ မီးဖိုချောင်ထဲ မ၀င်သေးဘဲ သူတို့ Tennis ကစားနေကြတာကို ပြတင်းပေါက်လေးဆီက ချောင်းကြည့်မိ၏.....

မိုးစွေက Tennis ကစားတာလဲ တော်တာပဲ .......ဟိုကောင် ဒီပါကတော့ အလကား အာပလာပါ ......

Polo ရှပ် အနက်ရောင်လေးရယ် ဒူးလောက်ရှိသည့် အားကစား ဘောင်းဘီအတိုလေးရယ်နဲ့ မိုးစွေက သူမမျက်လုံးထဲတွင်တော့ ကြည့်ကောင်းလွန်းနေသည်.......

💕 Be My Love 💕Where stories live. Discover now