💕 အပိုင်း 12 💕

5.3K 221 0
                                    

Unicode:

Be My Love

💕 Part -12 💕

ဒီဒီတို့ အခုရောက်ရှိနေရတာက ကစားကွင်းတစ်ခုရဲ့ မြက်ခင်းပြင် စိမ်းစိမ်းကြီး ပေါ်တွင်ဖြစ်သည်....

ပျော်ပွဲစားထွက်သလိုမျိုး အခင်းလေးခင်းထားကာ ထိုအခင်းလေးပေါ်တွင် ကစားစရာတွေရော မုန့်တွေရော နေရာချထားပြီး ဒီဒီနဲ့ ဂျွန်လေးက ထိုအခင်းပေါ်မှာ ထိုင်သည်......

မောင်ကတော့ မလှမ်းမကမ်း မှာ ဘုံဘုံရယ် ဂျီဂျီရယ်နဲ့အတူ စွန်လွှတ်နေသည်....

ကလေးတွေကို ကတိပေးထားခဲ့တဲ့အတိုင်း သူမ အလုပ်အားတဲ့တစ်ရက်မှာ မမခခနဲ့ ကိုကြီးမိုးစျေကို ခွင့်တောင်းကာကစားကွင်းမှာ အခုလိုလေး ပျော်ပွဲစားထွက်လာကြခြင်း ဖြစ်၏.......

ဘုံဘုံနဲ့ ဂျီဂျီက မောင်နဲ့ အတူတူ စွန်လွှတ်တိုင်း ဆော့နေပြီး ဂျွန်လေးကတော့ သူမ မုန့်ကျွေးတာလေးကို တမြုံ့မြုံ့ ဖြင့် ထိုင်စားနေသည်.......

ဒီနေ့ ကလေးတွေကို ကစားကွင်းလိုက်ပို့မယ် ဆိုတာနဲ့ပဲ မမခခက မုန့်တွေအများကြီး လုပ်ပြီးထည့်ပေးလိုက်တာ ဖြစ်သည်.....

"ဂျွန်လေး.....သားသား စားကောင်းရဲ့လား....."

ဂျွန်လေးက ချစ်ဖို့ကောင်းစွာနဲ့ ခေါင်းလေးငြိမ့်ပြပြီး "ကောင်း.....ကောင်း " ဟုဆိုကာ သူ့လက်မလေးကိုပါ ထောင်ပြတာမို့ ဒီဒီ အသံထွက်တဲ့အထိရယ်ကာသဘောကျမိသည်......

အခုဆိုရင် ဒီကလေးလေး ၃ယောက်ဟာ မောင့်အသည်းကျော်လေးတွေ အဖြစ်ကနေ သူမရဲ့ အသည်းကျော်လေးတွေပါ ဖြစ်လာခဲ့ရပြီ........

မုန့်ကျွေးပြီးတော့ ဂျွန်လေးရဲ့ ပေကျံနေသော ပါးစပ်လေး တစ်၀ိုက်ကို Wet Tissue လေးနဲ့ ဒီဒီ သန့်ရှင်းရေး လုပ်ပေးနေတုန်း မောင်ရယ် ကလေး၂ယောက်ရယ် ဒီဒီအနားကို ပြေးပြီးရောက်လာကြသည်......

ဂျီဂျီက သူမကို နောက်ကျောကနေ လှမ်းဖက်ကာ.....

"တီတီ ဂျီဂျီ ဗိုက်ဆာပြီ......"

"ဂျီဂျီလေးက ဗိုက်ဆာပြီဆို တီတီက မုန့်ကျွေးမှာပေါ့ .... ဘုံဘုံလေးရော မုန့်စားတော့မလား ....."

💕 Be My Love 💕Where stories live. Discover now