💕 အပိုင်း 7 💕

4.9K 232 0
                                    

Unicode:

Be My Love

💕 Part - 7 💕

"ဟုတ်ဖွားဖွား ဒီဒီတို့က ရောက်တော့မယ်..... ဖွားဖွားတို့ရော ကားဂိတ်ကို ရောက်နေပြီလားဟင်..... "

"........."

"ဟုတ်ဟုတ်ဖွားဖွား ..... အဲ့တာဆို ဒီဒီ ရောက်ရင် ဖုန်းထပ်ဆက်မယ်လေနော်.....ဟုတ်ဟုတ်ဖွားဖွား ..... ဒါပဲနော်....."

ဒီဒီဖုန်းချပြီးပြီးချင်းမှာပဲ မိုးစွေ Jacket ထဲမှ ဖုန်းက မြည်လာသည်.....

မိုးစွေ ဖုန်းကိုထုတ်ပြီး ကြည့်လိုက်တော့ ဒီပါ ဆီမှ ဖြစ်နေသည်.....

"အေးဒီပါပြော....... "

".........."

"အင်း ဟုတ်တယ်... ရောက်ခါနီးနေပြီ...... "

"........"

"ရတယ်လေ ငါအရင်ရောက်နေလဲ ငါမင်းကို ကားဂိတ်မှာပဲ စောင့်နေမယ်...... "

".........."

" အေးအေး ...... အဲ့တာဆို ဒါပဲနော်....."

မိုးစွေ ဖုန်းကိုပြန်ပိတ်ပြီး အိတ်ထဲပြန်ထည့်ကာ သူမကို ကြည့်လိုက်တော့ သူမက သူ့အား မျက်လုံးလေးတွေ ၀ိုင်းစက်ကာ စိုက်ကြည့်ပြီး သူနဲ့ အကြည့်ချင်းဆုံချိန် အမိအရ ပြုံးပြလိုက်သောကြောင့် မိုးစွေ နားရွက်လေးတွေ ပူသလို ခံစားမိလာရသည်.......

"ဘာပြောချင်လို့လဲ ...... "

"ဟင်..... ဘာကိုလဲဟင်....."

"နင်ငါ့ကို ကြည့်နေလို့လေ..... တစ်ခုခု ပြောချင်လို့ မဟုတ်လား ......"

"ဟိုဟာလေ နင်က မော်လမြိုင်ပဲသွားမှာဆိုတော့ ဘယ်နေရာမှာ တည်းမှာလဲဟင် မိုးစွေ ..... "

"သူငယ်ချင်းဆီမှာပဲ လိုက်တည်းမှာ..... သူက ဘယ်မှာနေတာလဲတော့ ငါလဲ မသိဘူး ...... "

"အာ ဟုတ်လား ....... ဒါနဲ့ နင်ဘယ်နှရက်လောက်နေဖြစ်မှာလဲဟင်...... "

"တစ်ပတ်လောက်ပဲ "

"ဟုတ်လား ....... ငါလဲ ဖွားဖွားကြီးဆီမှာ တစ်ပတ်လောက်နေမှာ ........ဟီး  နင်နဲ့ငါနဲ့ တိုက်ဆိုင်တာတွေက များသားပဲနော်......"

"အင်း ...... "

တစ်လမ်းလုံး သူမက မိုးစွေအား ထိုကဲ့သို့ ပေါက်ပေါက်ဖောက်လာခဲ့တာဖြစ်သည်..... မိုးစွေအား အကြောင်းမရှိအကြောင်းရှာပြီး စကားလေတွေ ပြောရင်ပြော ..... မပြောရင် သူမအိတ်ထဲမှ မုန့်ကို တစ်ထုပ်ပြီးတစ်ထုပ်ဖောက်စား ..... မုန့်မစားတော့ဘူးဆိုရင် ပါးစပ်လေးဟကာ အိပ်ပျော်နေတတ်သည်...

💕 Be My Love 💕Where stories live. Discover now