💕 အပိုင်း 11 💕

5.4K 215 0
                                    

Unicode:

Be My Love

💕 Part - 11 💕

ခခတို့ မိသားစု Hot Pot စားအပြီး ပြန်ကြတော့မယ့်အချိန်အထိ သမီးလေးက
ဒီဒီပေါင်ပေါ်တက်ထိုင်ပြီး ကိုယ်လေးကို ဖက်ထားတုန်းမို့ ခခ ဒီဒီအား အားနာသွားရသည်.......

"သမီး ....မေမေတို့ ပြန်ရတော့မယ့်ဟာကို တီတီပေါ်ကဆင်းတော့လေ...... "

"ဆင်းဘူး..... ဂျီဂျီက တီတီနဲ့ပဲနေမှာ....
တီတီ ဂျီဂျီတို့နဲ့ လိုက်ခဲ့နော်....."

တစ်ခဏလေးအတွင်း သူမကို ခင်တွယ်သွားသော မောင့်ရဲ့ တူမလေးကိုငုံ့ကြည့်
ပြီး ဒီဒီ ပြုံးလိုက်မိသည်......

"နောက်နေ့ကျရင် တီတီရယ် ကယ်လေးရယ် ဂျီဂျီတို့ မောင်နှမတွေရယ် ကစားကွင်း တူတူသွားကြမယ်လေ.....အခုမေမေတို့က ပြန်တော့မှာဆိုတော့ ဂျီဂျီပြန်ရတော့မယ်လေနော်.....
အဟွန်း ....တီတီရဲ့ ဂျီဂျီလေးက ချစ်ဖို့လဲကောင်းသလို အများကြီးလဲ လိမ္မာတယ်မဟုတ်လား......"

"ကစားကွင်းက တကယ်သွားမှာနော် တီတီ....ညာမပြောရဘူးနော်.... "

"အွန်း .... ဒါပေါ့ တကယ်သွားမှာ..... ဂျီဂျီလေး ယုံအောင် တီတီတို့ လက်သန်းချင်းချိတ်ပြီး ကတိလုပ်ထားကြမလား......"

ဂျီဂျီလေးက သူမနဲ့ လက်သန်းချင်း ကတိက၀တ်ပြုပြီးသွားမှ ယုံကြည်သွားကာ မမခခတို့နဲ့အတူ အသာတကြည် ပြန်သွားသည်......

"ဟူးအခုမှပဲ အေးအေးဆေးဆေးရှိတော့တယ်ကွာ ......."

ကိုစျေတို့ မိသားစု ပြန်သွားပြီဆိုမှ မိုးစွေ မျက်နှာကို ပွတ်ကာ ပြောမိ၏.....

ချစ်သူ ဖြစ်တဲ့ သူမလေး အားတဲ့အချိန်မှာ ၂ယောက်ထဲ အေးအေးဆေးဆေးတွေ့ကာ မုန့်လေး စားပြီးစကားလေးပြောမလား ကြံမိပါတယ်..... တကယ့် မိသားစုနဲ့မှ သွားတွေ့တာ.....

ဒီဒီက First Impression မှာတင် ဂျီဂျီပေးတဲ့ အမှတ်ပြည့်ရသွားပြီး "ကယ်လေးက ဂျီဂျီရဲ့ တီတီနားမှာမထိုင်နဲ့
ဖေဖေ့နားမှာသွားထိုင် " ဟုဆိုကာ ပြောလာတာမို့ သူ့မှာ ဂျီဂျီနားပင် ကပ်ခွင့်မရပါ......

ချစ်ဖို့လဲကောင်း စကားကလဲတတ်တာမို့ တကယ်မလွယ်သည့် ကလေးမလေးပင်...... ဂျီဂျီက သံယောဇဥ်လဲကြီးတာမို့ နောက်ဆို သူတောင် ဒီဒီကို ဂျီဂျီနဲ့ ပြိုင်လုရမလားမသိပါ......

💕 Be My Love 💕Where stories live. Discover now