💕 အပိုင်း 4 💕

4.6K 207 0
                                    

Unicode:

Be My Love

💕 Part - 4 💕

ကျောင်းတက်ခါနီးပြီဖြစ်သောကြောင့်
ပထမဦးဆုံးအချိန်၀င်မည့် ဆရာမရဲ့
စာအုပ်တွေနဲ့အတူ ဘောပင် ခဲတံ ဘာညာကိုပါ ထုတ်ပြီး စားပွဲပေါ်မှာ ဒီဒီ အဆင်သင့် ဖြစ်စေလိုက်သည် .......

မကြာခင် ကျောင်းတက်ခေါင်းလောင်း ထိုးသောအခါ အတန်းထဲမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ အကုန် မတ်တပ်ထရပ်ကြရသည် ....

ထိုအချိန်မှ အတန်းထဲ၀င်လာသည့်ကောင်လေးကြောင့် ဒီဒီ ပါးစပ်အဟောင်းသားလေး ဖြစ်သွားမိသည်......

ဟင် .... သူက ဒီအတန်းထဲကပဲလား ....

မနေ့က ဒီဒီအနိုင်ကျင့်ခံနေရတဲ့အချိန် ၀င်ပြီးကယ်ခဲ့တဲ့ ကောင်လေးက ဒီအတန်းထဲက ဖြစ်နေမှန်း ဒီဒီ တကယ်မသိခဲ့ပါ .....

ဒီဒီက သူ့ကို အံ့အားတကြီးနဲ့ လိုက်ကြည့်နေပေမယ့် သူကတော့ ခေါင်းကို အောက်ငိုက်ပြီး သူထိုင်မယ့် နောက်ဆုံးတန်းသို့ တည့်တည့်မတ်မတ်လျှောက်သွားသည်......

ကျောင်းတက်ပြီး စာပြန်သင်တဲ့အချိန် ဒီဒီ သူထိုင်တဲ့ နောက်သို့ လှမ်းကြည့်တော့ သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ စားပွဲပေါ် ခေါင်းတင်ပြီး မှောက်အိပ်နေသည်.....

"စန္ဒာ ..... "

"ဟင် ..... "

"ဟိုလေ ဟိုဘက်နောက်ဆုံးတန်းမှာ မှောက်အိပ်နေတဲ့ ကောင်လေးကို နင်သိလားဟင် ....... "

"ဟင်..... မိုးစွေကို ပြောတာလား "

"အေးအေး ဟုတ်တယ် ..... "

"အဲ့တစ်ယောက်အကြောင်းကို နင်ကဘာလို့ သိချင်ရတာလဲ မဒီရဲ့ ...... "

"ဟိုဟာလေ ငါနင့်ကို ခုဏက ပြောပြတယ်လေ..... ငါမနေ့က အနိုင်ကျင့်ခံရတဲ့ ကိစ္စမှာ ၀င်ပြီး ကူညီပေးတာ သူပေါ့ .... "

"ဟယ် နင့်ကို ကူညီပေးခဲ့တဲ့သူက မိုးစွေပေါ့ ဟုတ်လား ...... ကြားသားမိုးကြိုးပါလား "

"ဘာဖြစ်လို့လဲဟင် စန္ဒာ"

"အဲ့ဒီ မိုးစွေဆိုတာ ပတ်၀န်းကျင်ကို လုံး၀ ဂရုမစိုက်ဘဲ ဖာသိဖာသာ နေတတ်တဲ့ကောင်... ပြီးတော့ ရန်ခဏခဏဖြစ်လို့ ဆရာမကြီးရုံးခန်းကို အိမ်ဦးနဲ့ ကြမ်းပြင်လို ခဏခဏ ကူးနေရတဲ့ ကောင် မဒီရဲ့ ......."

💕 Be My Love 💕Where stories live. Discover now