two

3.2K 360 0
                                    

Unicode

ဒီချန်းမင် နန်းဆောင်က မင်း ငါ့တစ်ယောက်ထဲ အတွက် ရည်စူးဆောက်ပေးခဲ့တဲ့ အဆောင်။ ဒီနန်းတော်ကြီးက မင်း ငါ့အပေါ်မှာ ထားတဲ့ အချစ်တွေအတွက် ပြယုဂ်တစ်ခုလို့ ငါထင်ခဲ့မိတယ်။ ငါတို့ မရှိတော့တဲ့ အခါမှာတောင် နောင်မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း ပြောနေကြအုံးမဲ့ ဒဏ္ဍာရီတစ်ပုဒ်လို့ ငါအမြဲ မှတ်ယူဆခဲ့တယ်။

မင်း အရမ်းငယ်သေးတဲ့အချိန်လောက် ဖြစ်မယ် ထင်တယ်။ ငါ့ခမည်းတော်ရဲ့ ကွမ်းထောင် နန်းတော်မှာ လုပ်တဲ့ ညဧည့်ခံပွဲမှာ ငါတို့ စတွေ့ခဲ့ကြတယ်။ မင်းရဲ့မယ်တော် လက်ကို ကိုင်ဆွဲရင်း ခန်းမထဲ ဝင်လာတဲ့ မင်းက ခန်းမ တစ်ခုလုံးကို သေချာ စူးစမ်း လေ့လာနေခဲ့တယ်။ ကလေးဆန်တဲ့ စိတ်အားထက်သန်မှုတွေတောင် ရှိနေသေးခဲ့တဲ့ မင်းရဲ့ မျက်ဝန်းတွေကို ငါ ဒီနေ့ထိ မှတ်မိနေသေးတယ်။

နောက်ဆုံးမှာ မင်းရဲ့ အကြည့်တွေက ငါ့ဆီမှာ ရပ်တန့်သွားခဲ့တယ်။ မင်းရဲ့ အကြည့်တွေက နန်းတော် ဥယျာဥ်ထဲက ရေကန်ထက်တောင် ကြည်လင် တောက်ပနေခဲ့သေးတယ်။

မင်းရဲ့ အဒေါ်ဖြစ်သူ ငါ့ရဲ့မယ်တော် ကွမ်းထောင် မင်းသမီးလို ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်အဖို့ အဲ့မြင်ကွင်းက သူမအတွက် ရတနာစီထားသလို တောက်ပနေခဲ့မှာ သေချာတယ်။ သူမက ငါ့ကို  သူမရဲ့ အာဏာအတွက် အထောက်အပံ့ပေးတဲ့ ပစ္စည်းလေးသဖွယ် ကြည့်နေခဲ့တာကို ငါ ဘယ်တော့မှ မမေ့ဘူး။

ငါ့ရဲ့ မျက်နှာနဲ့ အသွင်အပြင်က အင်ပါယာမှာ ရှိတဲ့ ယောက်ျားတိုင်းရဲ့ နှလုံးသားကို ဆွဲကိုင်နိုင်လိမ့်မယ်လို့ သူမက ငါ့ကိုပြောခဲ့တယ်။

မမျှော်လင့်ထားပဲ တစ်ခုသော မနက်ခင်းမှာ ငါဟာ လီဂျီလို့ ခေါ်တဲ့အမျိုးသမီးရှေ့မှာ အားနည်းစွာ ရပ်နေခဲ့ရတယ်။ လီဂျီက နန်းတက်မင်းသား လွေ့ရုံရဲ့ မွေးမယ်တော်။ လွေ့ရုံက လူပုံလယ်မှာ ငါ့ကို လက်ထပ်လိုကြောင်း ပြောတဲ့အချိန် ငါ့မယ်တော်က လွေ့ရုံနဲ့ ငါ့ရဲ့ လက်ထပ်ပွဲကို လက်ခံလိုက် တော့မဲ့အချိန်မှာ မိဖုရား လီဂျီက ငြင်းဆန်ခဲ့တယ်။ အဲ့ဒါကပဲ ငါ့မယ်တော်နဲ့ မိဖုရားလီဂျီရဲ့ ဆက်ဆံရေးက ပျက်ပြားခဲ့ရပြီး သူမနဲ့ ငါ့မယ်တော်ကြား ကြာရှည်တဲ့ ရန်ကြွေးတစ်ခုကို ငါ မထင်မှတ်ပဲ တည်ဆောက်ပေးခဲ့မိတယ်။

ချန်းမင်ရဲ့ တမ်းချင်း [Myanmar Translation]Where stories live. Discover now