ten

2.5K 322 8
                                    

Unicode

အဲ့ကစပြီး မင်း ချန်းမင် နန်းဆောင်ကို ထပ်မလာခဲ့တော့ဘူး။

ငါ့မှာလည်း ဘာမျှော်လင့်ချက်မှ မကျန်တော့ဘူး။ ဒါပေမဲ့ ကျောက်စိမ်းပုလွေကို ကိုင်ရင်း ချန်းမင်နန်းဆောင်ရဲ့ လှေကားထစ်တွေမှာတော့ နေ့တိုင်း အကြောင်းပြချက်မရှိ ငါရပ်နေမိတယ်။

နေ့တွေ ကုန်ဆုံးလာတာနဲ့အမျှ အမည်မသိတဲ့ ရောဂါတစ်ခု ငါ့မှာ စွဲကပ်လာတယ်။

အင်ပါယာရဲ့ အတော်ဆုံး သမားတော်တွေက ဘယ်သူ့အမိန့်နဲ့ ရောက်လာလည်းတော့ မသိပေမဲ့ ချန်းမင် နန်းဆောင်ကို ရောက်လာခဲ့တယ်။

ဘယ်သူလွှတ်လိုက်လည်း ငါ တွေးလည်း မတွေးချင်မိတော့ဘူး။

အင်ပါယာ သမားတော်တွေက ငါ့ရဲ့ ရောဂါက ပြင်ပက တစ်ခုခါကြောင့် စွဲကပ်တာ မဟုတ်ပဲ အတွင်းစိတ် နှလုံးကနေ လာတဲ့ ရောဂါဖြစ်ကြောင်း ပြောခဲ့ကြတယ်။ သူတို့က ငါ စိတ်ချမ်းသာတဲ့ နေရာမှာ နေပြီး စိတ်ငြိမ်းချမ်းစွာနဲ့ နေရင်း လပိုင်းအတွင်း သက်သာသွားမှာလို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ဒီအတိုင်းသာ ငါဆက်သွားရင်တော့ သူတို့စိုးရိမ်မိတယ်တဲ့...

ငါ ...သွားလိမ့်မယ်တဲ့

ငါနောက်နေ့ အိပ်ရာပေါ်ကနေ ထပြီး ချန်းမင် နန်းဆောင်ရဲ့ လှေကားထစ်တွေ ပေါ်မှာ ရပ်နေခဲ့တယ်။ ပြီးတော့ ချန်ကော နန်းဆောင်ရှေ့က မင်းရယ် ဝေကျီဖုရယ် မင်းတို့ရဲ့သား နန်းတက်မင်းသားကို ကြည့်နေမိခဲ့တယ်။ မင်းရဲ့ အကြည့်တွေများ ချန်းမင် နန်းဆောင်ဆီကိုများ တစ်ခေါက်လောက် ရောက်လာအုံးမလားလို့ ငါအဲ့နေ့က မျှော်လင့်ခဲ့မိကြောင်းကိုတော့ ငါဝန်ခံပါတယ်။ ဒါပေမဲ့လည်း မင်းအကြည့်တွေက ချန်ကောနန်းဆောင်ရဲ့ အရှင်သခင်မနဲ့ မင်းရဲ့ ရင်နှစ်သည်းချာဆီမှာပဲ ရှိနေခဲ့တယ်။

ငါ့ရဲ့ မာနနဲ့ သိက္ခာတွေကို ခဝါချ ပြီး စီမာရှန်းယူကို ငါ့အတွက် သီချင်းတစ်ပုဒ် စပ်ပေးဖို့ တောင်းပေန်ခဲ့တယ်။ ငါ့ရဲ့ နှလုံးအိမ်ကနေ သွေးစိမ်း ရှင်ရှင် ထွက်နေခဲ့တဲ့ စကားလုံးတွေကိုပါ ငါ ထည့်သွင်း ခိုင်းခဲ့တယ်။

ချန်းမင်ရဲ့ တမ်းချင်း [Myanmar Translation]Where stories live. Discover now