twelve

3.9K 402 38
                                    

Unicode

အဲ့ဒီနေ့ညက ကြီးမားတဲ့ မီးတောက်ကြီးက ချန်းမင် နန်းဆောင်ကို ဝါးမြိုနေခဲ့တယ်။ ချန်းမင် နန်းဆောင်က အစေခံတွေက ဘေးလွတ်ရာကို အမြန်ဆုံး ထွက်ပြေးခဲ့ကြတယ်။ ကြီးမားတဲ့ မီးတောက်ကြီးနဲ့ ချန်းမင်နန်းဆောင်က တစ်ရက်တိတိ လောင်ကျွမ်းနေခဲ့တယ်။

ကြီးမြတ်တဲ့ ဟန်အင်ပါယာရဲ့ အခမ်းနားဆုံး နန်းဆောင်က ခဏတွင်းချင်းမှာပဲ ပြာပုံဘဝ ရောက်သွားခဲ့တယ်။

ငါ အဲ့ဒီနေရာမှာ ရပ်နေပြီး ရယ်နေခဲ့တယ်။ ရယ်ရလွန်းလို့ ငါ့မျက်လုံးထဲက မျက်ရည်တွေတောင် ကျလာခဲ့တယ်။

လူတိုင်းရဲ့ ဒဏ္ဍါရီ ချစ်ပုံပြင်လာ ဘုံဗိမ္မာန်က ဒီနည်းနဲ့ ပျက်စီးသွားခဲ့ရတယ်။

လူပေါင်းမြောက်များစွာက ချန်းမင်နန်းဆောင်ရဲ့ ပြာပုံဘေးမှာ ရပ်နေခဲ့ကြတယ်။ အဲ့ဒီ လူတွေကြားမှာ ငါ့မယ်တော်ကို ငါတွေ့ခဲ့တယ်။

ငါ့မယ်တော်က မင်းရဲ့ ကော်လာကို ဆွဲကိုင်လှုပ်ရင်း အော်ဟစ်နေခဲ့တယ်။ ပြီးတော့ မင်းပါ ဘာလို့ လိုက်မသွားရတာလဲလို့ ငါ့မယ်တော်က မင်းကို ကျိန်ဆဲရင်း ငိုယိုနေခဲ့တယ်။

သူမက ပြောနေခဲ့တယ်။ ငါ့ကို ပြန်ပေးဖို့။

ပြီးတော့ အဲ့ဒီနှစ်တွေတုန်းက မင်းပေးတဲ့ ကတိတွေကို ယုံမိတဲ့အတွက် သူမရော ငါ့အတွက်ရောပါ နာကျည်းမိကြောင်းကို ပြောရင်း ငိုနေခဲ့တယ်။

ဟုတ်တယ်! ငါက မင်းငါ့အတွက် ပေးထားတဲ့ ဒီချန်းမင်နန်းဆောင်ကို ငါနဲ့အတူ ယူဆောင်သွားခဲ့တယ်!

ငါ မင်းကို ဆုံးရှုံးခဲ့ရပြီးပြီ။ အတိတ်က မင်းကိုပါ မဆုံးရှုံးရစေဖို့ အတိတ်ကမင်း ရှင်သန်နေတဲ့ ဒီချန်းမင် နန်းဆောင်ကို ငါနဲ့အတူ ငါယူဆောင်သွားလောက်တဲ့အထိ ငါလောဘကြီးတယ်။

အဲ့ဒီနေ့က ငါ့မယ်တော်ကိုဆို စိတ်ဆိုး စိတ်တိုလွယ်တဲ့ မင်းက မထင်မှတ်ပဲ ဒီတစ်ခါတော့ သူမကို စိတ်မဆိုးနေခဲ့ဘူး။

အင်ပါယာ ဧကရာဇ်ဖြစ်တဲ့ မင်းကို သူမက ဆဲဆိုနေခဲ့တာတောင်မှလေ။

ချန်းမင်ရဲ့ တမ်းချင်း [Myanmar Translation]Where stories live. Discover now