three

2.7K 321 3
                                    

Unicode :

လူတိုင်းက ပြောကြတယ်။ ငါတို့ရဲ့ လက်ထပ်ပွဲက ကြီးချယ်ခမ်းနားလိမ့်မယ်တဲ့။ မင်းရဲ့ မယ်တော်က အနာဂတ် ဘုရင်ရဲ့ မယ်တော်ကြီး ဖြစ်ချင်ခဲ့ပြီး ငါ့ရဲ့မယ်တော်က ဘုရင့် ယောက္ခမ အဖြစ်ကို လိုချင်ခဲ့တယ်။ အကြံတူတဲ့ သူမတို့ နှစ်ယောက် ပူးပေါင်းပြီး ဘာအကွက်ချလိုက်လဲတော့ ငါမသိပေမဲ့ နန်းတက်မင်းသား လွေ့ရုံကို အောင်မြင်စွာ နန်းချနိုင်ခဲ့တယ်။

လွေ့ရုံက သနားစရာ အကောင်းဆုံးပုံနဲ့ သေခဲ့ရတယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ သံသယရှိသူမို့ လွေ့ရုံကို အငတ်ဘေးနဲ့ စီရင်ချက်ချခဲ့တယ်။ လွေ့ရုံ နောက်ဆုံးထိ ရေတစ်ခွက်ကိုပဲ အော်ဟစ် တောင်းဆိုနေတာကို ငါ့မျက်လုံးတွေနဲ့ မြင်ခဲ့ရတယ်။ ဒါပေမဲ့ နန်းတော် တစ်ခုလုံးကတော့ လွေ့ရုံကို ရေတစ်ပေါက် ပေးဖို့တောင် မဝံ့မရဲ ဖြစ်ခဲ့ကြတယ်။

နှစ်ပေါင်းများစွာ သူငယ်ချင်း သံယောဇဥ်နဲ့ သေးငယ်တဲ့ ရေတစ်ခွက်ကို ငါတိုက်ခွင့်ရခဲ့တယ်။ ငါ လွေ့ရုံကို  လှမ်းကြည့်မိတဲ့ အခိုက်အတန့် သူ့မှာ တောက်ပပြီး လင်းလဲ့နေတဲ့ မျက်လုံးလေးတွေ ရှိနေသေးဆဲ ဆိုတာကို ငါမြင်ခဲ့ရတယ်။ ငါပေးတဲ့ ရေကို မသောက်တော့ပဲ လွေ့ရုံက တိုးညှင်းတဲ့ အသံနဲ့ သူ့ရဲ့ နောက်ဆုံးစကားကို ငါ့အတွက် ထားခဲ့တယ်။

လွေ့ရုံရဲ့ ဘဝတစ်သက်တာအတွက် နောက်ဆုံး စကားက သူ ငါ့ကို ချစ်မြတ်နိုးကြောင်းနဲ့ ကောင်းကောင်း အသက်ရှင်သွားရန် မျှော်လင့်ကြောင်းကိုတော့ နန်းတော်ရဲ့ ဘယ် တစ်ဦးတစ်ယောက်ကမှ မသိလိုက်ပေ။

ရိုးရှင်းစွာပင် သူငါ့ကို ထိမ်းမြားချင်ကြောင်း ပြောခဲ့စဥ်က သူ့မယ်တော် ငြင်းခဲ့တာကို မအံ့သြမိတော့ပေ။ အနာဂတ် ဧကရာဇ်လောင်း အနေနဲ့ ထိုအချိန်က သူမသားကို အချစ်ဆိုသည့် အားနည်းချက်ကို မရှိစေခဲ့လိုခြင်းပေ။

သူ့ရဲ့ နောက်ဆုံးစကားလုံးတွေကို ပြောပြီးတာနဲ့ လွေ့ရုံက နှုတ်ခမ်းများ ပြုံးလျက်နဲ့ မျက်လုံးတွေ ပိတ်သွားတော့တယ်။ သူ သူ့ရဲ့ သေခြင်းကို လက်ခံလိုက်ခြင်းပေ။

ချန်းမင်ရဲ့ တမ်းချင်း [Myanmar Translation]Where stories live. Discover now