အခန်း(၁၄)

30.2K 3K 89
                                    

အခန်း(၁၄)

" ရွှတ်...ရွှတ်..."

" ခင်ဗျား အဆင်ပြေရဲ့လား..."

" ပြေ...ပြေပါတယ်လူချောလေးရဲ့...ရွှတ်... အဟဲ...ရွှတ်..."

ပါးစပ်ကသာပြေပါတယ်ပြောနေပေမယ့်နှာခေါင်းကတော့တရွှတ်ရွှတ်ဖြစ်နေ၏။ဒါ့အပြင်မျက်လုံးကလည်းကြက်သွန်နီတန်ခိုးကြောင့်မျက်ရည်တွေရစ်ဝိုင်းလို့နေသည်။မသိရင်ဒီလူကြီးရဲ့ပုံစံကမကြာခင်ငိုချတော့မယ့်ပုံမျိုး...။မိုးညိုဆိုတဲ့လူကိုကြည့်ပြီးသူရယ်ချင်မိသည်။ပြီးတော့သနားလည်းသနားမိသည်။သူ့ခမျာကိုယ်ခိုင်းလို့သာလုပ်နေရတာတစ်ခါမှလုပ်ဖူးတဲ့ပုံမပေါ်ပေ...။

အဲဒါလျှာရှည်ချင်ဦး...။

ထိုလူ့ရဲ့ဖြစ်ပျက်နေတဲ့ပုံစံကိုမသိချင်ယောင်ဆောင်ပြီးလုပ်စရာရှိတာကိုသူဆက်လုပ်နေမိသည်။ထိုလူကြီးကိုကြည့်ရတာသူမရပ်ခိုင်းမချင်းဒုက္ခခံပြီးဆက်လုပ်မယ့်ပုံပင်...။အခုလည်းကြည့်...။အတော့်ကိုအခြေအနေဆိုးနေတာတောင်!မလုပ်နိုင်တော့ဘူး!လို့တစ်ခွန်းမှမဟပဲကြိတ်မှိတ်ပြီးတော့ကိုဆက်လုပ်နေ၏။

" ရွှတ်...ရွှတ်..."

" ကဲ...ပေးပါဗျာ...ကျွန်တော်ပဲလုပ်လိုက်တော့မယ်..."

အလင်းမပေါက်သေးကတည်းကခွာနေတဲ့ကြက်သွန်နီကအခုမှလေး၊ငါးလုံးသာပြီးသေးသည်။ကြိုစားပြီးခွာနေတာကိုချီးကျူးပေမယ့်ပြာသမျှဖွဲမထွက်တာတော့သူသဘောမကျပေ...။

ဒီလူကြီးကတော့...။

မခွာတတ်ရင်အစကတည်းကမခွာတတ်ဘူးပြောပါလား...။ဘယ်လိုဖြစ်လို့ကြိတ်မှိတ်ပြီးခွာနေလဲမသိပေ...။အခုတော့သူလည်းပင်ပန်းသလို၊ကိုယ်လည်းဟင်ချက်ဖို့နောက်ကျရပြီ...။စဥ်းစားရင်း၊တွေးရင်းမရှည်တတ်တဲ့စိတ်ကြောင့်​ခြင်းထဲကကြက်သွန်နီတွေပေါ်သာဒေါသကိုပုံချနေမိသည်။

" လူချောလေး...ကိုမိုးညိုဘာကူလုပ်ပေးရဦးမလဲဟင်...ရွှတ်..."

" ရပြီ...ဒီအတိုင်းထိုင်နေရင်ပဲကျွန်တော့်ကိုကူရာရောက်တယ်..."

" သြော်...အဲလို့လား..."

ရွဲ့ပြောလို့ရွဲ့ပြောမှန်းမသိပေ...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now