အခန်း(၄၁)

29.4K 2.2K 113
                                    

အခန်း(၄၁)

မနက်ဖြန်ကြက်ပေါက်လေးနှစ်ကောင်ရဲ့ရက်(၁၀၀)ပြည့်မွေးနေ့အလှူရှိတဲ့အတွက်မိုးညိုတို့အိမ်မှာလူတွေရှုပ်နေကြသည်။မွေးနေ့ကခင်မင်တဲ့လူတွေကိုသာဖိတ်ပြီးကျင်းပမှာမဟုတ်ပဲတစ်ရွာလုံးကိုစတုဒီသာသဘောမျိုးကျွေးမှာဖြစ်သည်။

မနက်ဖြန်တစ်ရက်လုံးကိုမိုးညိုတို့မိသားစုကမီးခိုးတိတ်အလှူပြုမှာဆိုတော့ရွာသူ၊ရွာသားတွေအားလုံးကမော်မဆုံးပျော်တစ်ပြုံးပြုံးဖြစ်နေကြသည်။ခြိမ့်ခြိမ့်သဲကျင်းပမယ့်မွေးနေ့အလှူဖြစ်တာကြောင့်မိုးလင်းတာနဲ့လုပ်အားပေးမယ့်အဖွဲ့တွေကမိုးညိုတို့အိမ်ကိုတဖွဲဖွဲရောက်လာကြ၏။

ထမင်းရည်ချောင်းစီးမောင်းတီးပြီးလှူမယ့်အလှူဖြစ်တဲ့အတွက်ကြောင့်မနက်မိုးလင်းကတည်းကမိုးညိုတို့အိမ်ကိုခလေးရော၊လူကြီးပါမကျန်ဝင်ထွက်ထွက်သွားလာနေကြသည်။အလှူကအကျွေးမွေးတင်မဟုတ်ပဲနောက်ထပ်အစီအစဥ်တစ်ခုလည်းရှိသေးသည်။

အဲ့ဒါကတော့မနက်ပိုင်းကိုကျွေးမွေးပြီး၊ညရောက်တဲ့အခါရွာသူ၊ရွာသားတွေကိုသီချင်းဆိုပြိုင်ပွဲ၊အကပြိုင်ပွဲပါကျင်းပပေးဦးမှာဖြစ်သည်။ဒါ့ကြောင့်ကွမ်းတောရွာရဲ့ရွက်ပုန်းသီးဝါသနာရှင်များကတော့အရမ်းကိုစိတ်လှုပ်ရှားနေကြ၏။ပြိုင်ပွဲမှာအနိုင်ရတဲ့သူများကိုလည်းမိုးညိုတို့မိသားစုကထိုက်ထိုက်တန်တန်ဂုဏ်ပြုမှာဖြစ်တဲ့အတွက်အားလုံးကမနက်ဖြန်ညကိုချက်ခြင်းရောက်ချင်နေကြပြီဖြစ်သည်။

အခုတော့မနက်ဖြန်အလှူအတွက်ကျွေးမွေးဖို့နေရာကိုအရင်ဆုံးလုပ်နေရသည်။မိုးညိုတို့ခြံကအရိပ်ရတဲ့အပင်ဆိုလို့သရက်ပင်တစ်ပင်တည်းသာရှိ၏။ထို့ကြောင့်စတုဒီသာလာစားမယ့်သူတွေအေးအေးဆေးဆေးစားလို့ရအောင်အိမ်ရှေ့​မြေကွက်လပ်ကိုမဏ္ဍပ်ဆောက်လိုက်ကြသည်။မြေကွက်လပ်ကကျယ်လွန်းတာကြောင့်မဏ္ဍပ်ရုံကြီးကဟီးထနေမှာသေချာသလောက်ရှိသည်။ဇာတ်စင်ကိုတော့ကျွေးမွေးပြီးမှပဲဆောက်ဖို့စဥ်းစားထားကြသည်။

" ဝတုတ်...မင်း...အဲ့ဒီတိုင်ကိုသရက်ပင်ရင်းမှာစိုက်လိုက်..."

" အကိုင်းနဲ့လွှတ်ပါ့မလားကွ..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now