Extra - ( 3 )

17.5K 1.3K 57
                                    

Extra - 3

" ငကျော်ကရသော့်ကိုခိုးပြေးသွားပြီတဲ့ဗျ..."

" ဟေ..."

ဝတုတ်ရဲ့စကားကြောင့်မိုးညိုကငြိမ်ကျသွားတော့သည်။ဒါ့အပြင်ငါးခုတ်ဖို့ပြင်နေတဲ့သူ့လက်ကလည်းလေထဲမှာပဲရပ်တန့်သွာ၏။သို့သော်ခဏသာ...။အချိန်အနည်းငယ်အကြာမှာတော့မျက်လုံးနှစ်လုံးကိုဟိုဒီတစ်ချက်ဝေ့ကြည့်ကာခပ်တည်တည်နဲ့ချောင်းဟန့်လိုက်၏။

" အဟမ်း..."

တော်တော်လက်သွက်တဲ့ကောင်...။

အခုမှပဲပူလောင်နေတဲ့သူ့စိတ်ကရေအေးအေးလေးနဲ့လောင်းချလိုက်သလိုအေးချမ်းသွားရ၏။သူမှာတော့ငကျော်တစ်ခုခုဖြစ်ပြီထင်နေတာ...။လက်စသတ်တော့မိန်းမခိုးသွားတာတဲ့လား...။

ခွေးကောင်ဝတုတ်...။

ဖြစ်လာလိုက်ရင်အသည်းအသန်ကြီးပဲ...။ငကျော်မိန်းမခိုးတာကိုကမ္ဘာပျက်သလိုဖြစ်ပျက်နေရတယ်လို့...။ပြစ်ပြစ်နှစ်နှစ်လှမ်းဆဲလိုက်ချင်ပေမယ့်အနောက်မှာပူပူနွေးနွေးနှမပေးလိုက်ရတဲ့ဝေကရှိနေတာကြောင့်ဝတုတ်ကိုစိတ်ထဲကနေသာ​မိုးညိုလှမ်းကာဆဲလိုက်သည်။

အပျိုကလူပျိုနောက်ခိုးရာလိုက်ပြေးတာကိုကမ္ဘာပျက်သလိုဖြစ်နေတဲ့ကောင်...။

ချီးပဲ...။

မိုးညိုကသူ့အနောက်မှာမတ်တပ်ရပ်နေတဲ့ဝေ့ကိုလှည့်ကာကြည့်လိုက်၏။မျက်နှာလေးကိုတော့အတတ်နိုင်ဆုံးအံ့ဩတဲ့ပုံလေးဖမ်းထားရသည်။တော်ကြာ " ကျွန်တော့်နှမလင်နောက်လိုက်ပြေးတာကိုခင်ဗျားကပျော်နေတယ် " " အခန်းပြင်မှာထွက်အိပ် " ဆိုမှဒုက္ခ...။

ကိုယ့်တပည့်အတွက်ရဲရဲ့ဝံ့ဝံ့တောင်ဝမ်းမသာရဲတဲ့သူ့အဖြစ်ရယ်ပါ...။

သို့ပေမယ့်လည်းဟိုကပါသွားပြီလေ...။

ဟုတ်တယ်မလား...။

ဝေကိုကြည့်ရတာဝတုတ်ရဲ့စကားကိုကြားပြီးအံ့ဩနေပုံရသည်။ရေတွင်းကုန်းနားမှာမတ်တပ်ရပ်နေတဲ့​ဝတုတ်ကိုမျက်လုံးပြူးကာကြည့်နေ၏။ပြီးနောက်အံ့ဩတကြီးငေးကာကြည့်နေမိတဲ့သူ့ကိုငုံ့ကြည့်လာခဲ့သည်။သို့သော်ဘာစကားမှတော့မပြောပေ...။ဒီအတိုင်းသာကြောင်ပြီးကြည့်နေတာဖြစ်သည်။ဝေခမျာအံ့ဩလွန်းလို့စကားပြောဖို့တောင်မေ့နေပြီထင်ပါရဲ့...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now