အခန်း(၃၄)
သတိပြန်မရလာသေးတဲ့ဝေ့ကိုကြည့်ပြီးမိုးညိုစိတ်တွေဂနာမငြိမ်ဖြစ်နေမိသည်။ဝေမေ့မျောနေတဲ့အချိန်ကအတော်ကြာနေလေပြီ...။မွန်းတည့်ချိန်ကတည်းကဆိုတော့အခုတောင်အချိန်ကညနေစောင်းနေပြီဖြစ်သည်။မေ့မျောနေတဲ့ဝေ့ကိုကြည့်ပြီးတစ်ခုခုဖြစ်နေတာများလားဆိုတဲ့အတွေးကမိုးညိုကိုနေမထိထိုင်မသာဖြစ်စေ၏။
သူကသာထူပူနေတာဝေ့ကိုစမ်းသပ်ပေးနေတဲ့ဆရာဝန်ကတော့တည်ငြိမ်လို့နေသည်။ဒီဆရာဝန်ကိုကြည့်ရတာဇာတ်ကားတွေထဲကလိုပြာယာလည်းခပ်မနေပေ...။
သူပဲအစိုးရိမ်လွန်နေတာများလား...။
မိုးညိုခမျာအသက်လေးရဲ့မျက်နှာကိုကြည့်လိုက်၊ဆရာဝန်ရဲ့မျက်နှာအမူအယာကိုကြည့်လိုက်နဲ့တစ်ယောက်တည်းယောက်ယက်ခတ်နေမိသည်။သူ့အသက်လေးဘာဖြစ်တာလဲဆိုတာအခုထိမသိရသေးပေ...။သူသိချင်နေပြီဖြစ်သည်။သို့သော်ဆရာဝန်ကတော့သူ့ယောက်ျားကိုစမ်းသပ်လို့ကောင်းနေဆဲပင်..။ဒါ့ကြောင့်သူ့ရဲ့မျက်နှာကဝေလေးအပေါ်အစိုးရိမ်လွန်ပြီးပြိုတော့မယ့်မိုးလိုဖြစ်နေတော့သည်။
သူ့အနောက်မှာမတ်တပ်ရပ်နေကြတဲ့ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ကလည်းစိုးရိမ်တဲ့အကြည့်တွေနဲ့အသက်လေးကိုလှမ်းကာကြည့်နေကြလေရဲ့...။
" ဆ...ဆရာ...ကျွန်တော်ယောက်ျားဘာဖြစ်တာလဲဗျာ..."
စိုးရိမ်စိတ်ကြောင့်သူ့နှုတ်ဖျားကထွက်လာတဲ့အသံကတုန်ရီလို့နေ၏။သူ့အမေးကိုဆရာဝန်ကပြန်မဖြေသေးပဲစမ်းသပ်စရာရှိတာကိုဆက်ပြီးစမ်းသပ်နေသည်။ထို့ကြောင့်သူလည်းထပ်မမေးတော့ပဲဆရာဝန်ပြောလာမယ့်စကားကိုသာစောင့်နေလိုက်သည်။
" အင်...ကျွန်တော့်ဆရာဝန်သက်တမ်းတစ်လျှောက်မှာဒီတစ်ခါပဲကြုံဖူး၊တွေ့ဖူးတဲ့ဖြစ်စဥ်တစ်ခုပါပဲ..."
" ဗျာ..."
ဆရာဝန်ရဲ့စကားကြောင့်သူ့ရင်တစ်ခုလုံးပူလောင်သွားရသည်။ဆရာဝန်တွေတောင်မကြုံဖူး၊မတွေ့ဖူးတဲ့ရောဂါဆိုတော့ဝေလေးခံစားနေရတာဘာရောဂါများလဲ...။
ဘာရောဂါပဲဖြစ်ဖြစ်ဝေလေးကိုသူပျောက်ကင်းအောင်ကုမည်။သူပိုင်ဆိုင်သမျှပစ္စည်းတွေကုန်သွားလည်းသူမမှုပေ...။အဓိက,ကသူ့အနားမှာဝေလေးရှိဖို့သာအရေးကြီးသည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...