Chapter (7) You are my sunshine

1.1K 73 48
                                    

Lu Lu တစ်ယောက် လက်ထဲမှာ ဖုန်းကိုင်ပြီး ခြံထဲမှာ
တောင်လျောက်လိုက် မြောက်လျောက်လိုက်နဲ့
ဂနာမငြိမ်ဖြစ်နေတယ် သူ လည်ပင်းက အပြင်ကိုမျှော်ကြည့်ရလွန်းလို့
ညောင်ရေအိုးဖြစ်တော့မယ်
သူမ ခင်ပွန်း bai luo chen က ခုထိပြန်မလာသေး
ညရှစ်နာရီထိုးတော့မယ်

သူမရင်ထဲမှာ အပူလုံးကြီးရှိတယ်
အဲဒါ က သူမအဖွားပဲ
ခုနကမှ သူမအမေဆီက ဖုန်းဝင်လာတယ် အဖွားကGu Hai ဆီသွားမယ်ဆို ပြီး
ဘယ်သူမှ မတားလိုက်နိုင်ပဲ ထွက်သွားတာတဲ့
ပြန်လာနိုးနိုးနဲ့စောင့်နေတာ ဘယ်နရက်ရှိနေပြီလဲ
ဟိုးအရင်ကတည်းက
အဖွားနဲ့ သူမတို့နဲ့ လုံးဝ အဆက်အသွယ်မရှိခဲ့ပေမယ့်
gu haiနဲ့တော့ တိုးတိုးတိတ်တိတ် ဆက်သွယ်မူတွေ ရှိခဲ့တယ်

ဒါကြောင့် အဖိုး ဖယ်ကြဉ်တာခံထားရတဲ့အဖွားဟာ
အားကိုးစရာ gu haiရှိလာတယ်
gu hai နဲ့အဖွားတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူအပြန်အလှန်တည်ဆောက်ခဲ့တာ
gu hai အရွယ်ရောက်တဲ့အထိပဲ
ဒါပေမယ့် အဖွားနဲ့ gu haiကြားက ကြိုးဟာ bai luo yinကို
အဖွားနဲ့ တွေ့ပေးပြီးနောက်ပိုင်း လုံးဝပြတ်တောက်သွားခဲ့တယ်

gu hai ရဲ့ ရင်ထဲမှာ အဓိက တရားခံက အဖွား လို့ယုံကြည်သွားပြီး
အဆက်အသွယ်မလုပ်ခဲ့ သလို
အဖွား က gu haiကို ခခယယ တောင်းပန်းခဲ့တာတောင်
gu haiရဲ့ ချစ်ခင်ယုံကြည်မူကို ပြန်မရခဲ့ပါဘူး

သိတဲ့အတိုင်းပဲ တနွယ်ငင်တဇင်ပါသလို gu haiက အားလုံးကိုပတ်ရမ်းပြီးမုန်းတီးနေတာလေ
သူအလေးထားဆက်ဆံတာ သူစကားစမြည်ပြောတာ ဆိုလို့
zhen yu yanရယ် bai han qi ရယ် lu luတို့မိသားစုရယ်ပဲရှိတာ

အခု ပြဿနာက gu haiဆီသွားတာအရေးမဟုတ်
bai luo yin တပ်အိမ်ဖြစ်နေတာ လို့ ကြားလို့
သူမနေလို့မရတော့
lu lu က bai luo yinအတွက် ပိုစိတ်ပူလာတယ်
အဖွားက bai luo yinကိုစိတ်နာစိတ်ဆိုးအောင် ပြောလိုက်မှာ သူမလန့်နေတယ်

bai luo yin သာ ထပ်စိတ်နာသွားရင်
ဒီတစ်ခါ gu hai အသက်ရှင်စရာအကြောင်းမရှိ
အဖွားက စိတ်က ပုံမှန်မဟုတ်
တခါတလေ သူငယ်ပြန်ချင်တာမျိုးတွေလည်းဖြစ်နေတတ်တယ်
သူမ ဘဝမှာ အရာအားလုံးဆုံးရူံးခဲ့တာမဟုတ်လား

Addicted (new imagination. book 3 )Tempat cerita menjadi hidup. Temukan sekarang