Chaper (8) between us

1.2K 68 44
                                    


အပိုင်း (၁) ဘယ်နှချီ ချစ်မှာလဲ?

Bai Luo Yin ကအိပ်ယာပေါ်မှာ
အူလိူက်သဲလိုက် ပျော်မြူးနေတဲ့ Gu Hai ကို
စိတ်မရှည်တော့ဘူး ဘယ်အရာကများ
Gu Hai ကို ပြုစားလိုက်တာလဲ ။

သူကြားခဲ့ ဖူးတာတော့ သမ္မတကြီး
Gu Hai က အရယ်အပြုံး နည်း တယ်ဆိုတာပဲ ။
အခုတော့ ကြည့်ပါဦး Gu Hai မျက်နှာ ကြီးက
မျောက်အုန်းသီးရသလိုပဲ ။
အဆက်မပြတ် ရယ် မောနေတာ
သွားတွေတောင်အအေးပက်တော့မလားပဲ။
ဒီမျက်နှာ ကြီးကို .
beijing မြို့လည်ခေါင်မှာ ချိတ်ထားလိုက်ချင်ရဲ့ ။

(မင်း ~~~ဘာ ဖြစ်လာတာလဲ)

bai luo yin က မနေနိုင်တော့ဘူး ။
gu hai က အဲကျမှ သတိဝင်လာတယ် ။
သူ တစ်ခုချင်းပြန်စဉ်းစားမိနေတယ်
သေချာတာတော့ bai luo yin ကို
ဒီကိုယ်ဝန် ကိစ္စ အသိမပေးရဲသေးဘူး ။

ဒါက အရင်းအနှီးကြီးတယ်မဟုတ်လား ။
Bai Luo Yin က နားလည် လွယ်စွာ
လက်ခံရင်တော့ကောင်း​၏ ။
ဒါမှမဟုတ်ရင်တော့ အပြတ်
အပြတ်နဲ့ နှာခေါင်းသွေး ထွက် သလို ဖြစ် လိမ့်မည် ။

ဒါကြောင့် သူ ကိုယ်ရှိန်ပြန်သတ်ဖို့ ကြိုးစားမိတယ် ။
ဒါပေမယ့် ဒီအပျော်ဟာ တစိမ့်စိမ့်ရွာနေတဲ့မိုးလိုပဲ ရပ်ဖို့ခက်နေတာပေါ့ ။
အတော် ကြီး အားယူပြီး သူ bai luo yin ဆီ လိမ့် လာ လိုက် ပြီး
bai luo yin ပေါင်ပေါ်မှာ သူ့ခေါင်းကို မရမက တင်လိုက်တယ် ။
ပြီးတော့ ကြည်နူးမူနဲ့ မျက်ဝန်းတွေကိုမှိတ်ထားမိတယ်။

(အပိုတွေ လုပ်မနေနဲ့ ငါဒီမှာ စိတ်ကျဉ်းကြပ်လို့ သေတော့မယ်)

bai luo yin က မစာနာစွာနဲ့ ငေါက်လိုက်မှ
gu hai ပစ္စုပ္ပန် မှာ
ပြန်အသက်ဝင်နိုးထလာတယ်။
.

ထို့နောက်
သူ က လက်ဖျောက်တစ်ချက်တီးကာ အရာအားလုံးကို
ဖန်ဆင်းနိုင်သူလို ထထွက်သွားပြီး
ကတ်ကြေးသွားပြန်ကောက်တယ်
ပြီးတော့ အိပ်ရာပေါ်ပြန်တက်လာပြီး
တမင်ရင်ခွေ ထိုင်ကာ
bai luo yinနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်

(ကတ်ကြေးကြီးနဲ့လား ...?)

Bai Luo Yin ရဲ့အံဩတသအမေးကို

Gu Hai က ခေါင်းတစ်ချက် အပီအပြင်ညိတ်ရင်း

(အင်း------)

Addicted (new imagination. book 3 )Where stories live. Discover now