အခန်း (၁) အချစ်ရှိရာ

8.2K 183 49
                                    

ရှစ်နှစ်ကြာပြီးနောက်.....**

Gu Hai ဟာ ကမ္ဘာ ပေါ်မှာ
အသက်အငယ်ဆုံး
သမ္မတဖြစ်လာတယ်
သူ့ ပခုံးပေါ်မှာ
ထမ်းထားကတဲ့တာဝန်က
အရွယ်နဲ့မမျှအောင်ပါပဲ
လေးလံခက်ခဲလွန်းလှတယ်

သူ့ နောက်မှာ အင်အားအကြီး
ပါတီ တစ် ခုက
သူ့ကို ကြီးမားစွာ
ခွန်အားပေးထားတယ်

သူက ဒီအခြေအနေကို
မမျှော်လင့်ခဲ့ပါဘူး
သူက ဘဝကို
စီပွားရေးလုပ်ငန်းရှင်တစ်ယောက်
အဖြစ်နဲ့သာ ဖြတ်သန်းချင်ခဲ့တာ

ဒါက သူ့ အိမ်မက်လည်းမဟုတ်ခဲ့ပါဘူး
သူက ဒီ သူ့အဖေ
gu wei ting
တည် ထောင်ခဲ့တဲ့ ပါတီ မှာ
ဥက္ကုဖြစ်လာပြီးနောက်ပိုင်း
သူနာမည် ဂုဏ်သတင်းဟာ
နိုင်ငံရေး လောက မှာ
ဟုန်းဟုန်းထတောက်တဲ့
မီးစာတစ်ခု ဖြစ်ခဲ့ရတယ်

အဲနောက်ပိုင်း
MBAနဲ့ကျောင်းပြီးခဲ့ပေမယ့်
သူတပ်ထဲမှာ
သုံးနှစ်တာဝန်ထမ်းတောင်ခဲ့ရတယ်

ဘဝရဲ့အခက်ခဲဆုံးအချိန်နဲ့
အပင်ပန်းဆုံးအချိန်ပါပဲ

နေ့ ရက်တိုင်းဟာ
သူ့ကိုစိန်ခေါ်နေခဲ့တယ်
သူ့ ပါတီထဲ ပြန်ရောက်လာတော့
လွှတ်တော်ထဲမှာ နေရာ ရလာတယ်

နိုင် ငံရေးနဲ့ပဲ ဖြစ် ဖြစ်
စီးပွားရေး လူမူရေး နဲ့
ပြည့်သူ့ဘဝတိုးတက်ရေး
တို့အတွက်
ပါဝင်ဆွေးနွေးတင်ပြချက်တွေဟာ
ဘယ်သူမှ ခေါင်းမခါနိုင်ခဲ့ဘူး

သူဟာ ကောင်းကင်ယံထဲ
နေ့ဘက်မှာတောင်
ထွန်းလင်းနိုင်တဲ့
ကြယ်တစ်စင်းနဲ့ တူတယ်
သူ့ ကို သမ္မတ
အဖြစ်တင်မြှောက်လိုက်ကြတော့
တ ကမ္ဘာ လုံး
သိမ့်သိမ့်တုန်သွားကြကော

ဝေဖန်ထိုးနှက်မူတွေဟာ
ပင်လယ်သမုဒ္ဒရာ
ရေထက်တောင်များပြားတယ်
သူတခါတေလ
စိတ်ဓာတ်တွေကျ တယ်
ဒါပေမယ့် ခဏလေးပါပဲ
သူု့ကိုတွန်းအားပေးနေတဲ့
တစ်စုံတစ်ရာကြောင့်
သူ့ ချက်ချင်းခေါင်းပြန်ထောင်
လာရတယ်

နောက်ဆုံးတော့
သူရဲ့ လုပ်ဆောင်ချက်တွေက
တစ်ကမ္ဘာလုံး အံသြမှင်သက်စေတယ်

သူက စစ်ပွဲတွေကို
ချူပ်ငြိမ်းစေတယ်
တစ်သက်လုံးအပေးအယူမမျှခဲ့တဲ့
အမေရိကန်သမ္မတ ကြီးက
သူ့ကို ကြည်ဖြူလာတယ်
ဒါပေမယ့် gu yang ရဲ့ဒေါသ
ကမပြေဘူး သူက
Huaweiရဲ့
CEO
သူက လက်တစ်လော
ကုန်သွယ်ရေးတိုက်ပွဲမှာ
သူ့သိက္ခာကျတယ်လို့ ခံစားရလို့
Gu haiက သူ့ကို နှစ်သိမ့်တယ်

Addicted (new imagination. book 3 )Where stories live. Discover now