အခန်း (၂) ဟန်ဆောင်မျက်နှာဖုံး

2.2K 130 36
                                    

Gu Hai နာရီဟောင်း လေးကို
အံသြ တကြီးကိုင် ကြည့်နေမိတယ်
တကယ်ပဲ bai luo yin
အသက်ရှင်နေသေးတယ်ဆိုတဲ့
အသိက...သူ့ကို
နှစ်လရှည်မက်လာတဲ့
အိမ်မက်တစ်ခုကနေ
ဆွဲ ထုတ် လိုက်သလိုပါပဲ

သူ နားတွေကို မယုံနိုင်သေးဘူး
သူက နာရီကို စိန်တုံး တစ်တုံး လိုမျိုး
တန်ဖိုးထားကာ ပွတ်သပ်နေတယ်

သူ ရဲ့ ရှည် မျော တဲ့
လက် ချောင်း တွေ ထဲမှာ
နာရီလေးက အကြိမ်ကြိမ်
အစမ်းသပ်ခံနေရ ရှာတယ်

ခဏ ကြာ တော့
သူ့မျက်နှာ ဟာ ကြည်နူး မူ နဲ့
ပန်းတွေ ပွင့်သလို ဖူးပွင့်လာတယ်

နှစ်ပေါင်းများစွာ
ကျောက် တောင် ကြီး လို
မာကျောနေတဲ့
မျက်နှာ ဟာ
အခုတော့အပြုံးတစ်ပွင့် ကြောင့်
အက်ကွဲသွားတယ်

(အဖိုး...ဒါ က တကယ် yin zi ပါပဲ)

ဆိုပြီးပျော်ရွှင် ကြည်နူး မူနဲ့
သူ့ ပါးပြင်ပေါ် ရေစီးကြောင်း တွေ
ဖြစ်လာတယ်

အခု.... gu hai ငိုမိ ပြန်ပြီ

ဒီတစ်ခါ တော့
လွန်ခဲ့တဲ့နှစ်တွေက
ပျောက်ဆုံး ခဲ့တဲ့
သာယာ ခြင်း....
ကြည်နူး ခြင်း.........
ပျော်ရွှင်ခြင်း......
ချမ်းမြေ့ ခြင်း.......
ပြည့်စုံခြင်း တို့ ရဲ့
ရောင်စဉ်အလင်းတန်းလေးကို
မြင်လိုက်ရ တဲ့အတွက်
သမ္မတ ကြီး gu အဖို့
အင်းအားပေးမယ့်
မျက်ရည်စက်တွေပါပဲ

အဖိုး ရှောက်လည်း
ထိုင် ခုံပေါ် gu hai ဘေး ထိုင်ရင်း

gu haiကို သနားကြင်နာစွာ
ထွေးပိုက်ကာ
gu haiပခုံးလေးကို
ပွတ်သပ်ပေးနေမိတယ်

(ငါမသေခင် ငါ့မြေးနှစ်ယောက်
နောက်ဆုံးအကြိမ်
လက်ထပ်တာကို
မြင်ဖူးချင်တယ်..)

Gu haiနဲ့ bai luo yinနဲ့က
ဘယ်လောက်နာကျင်နေလဲဆိုတာ
ဘေးလူတွေကလဲ
ထပ်တူနာကျင်နေရတယ်

ဘယ်သူ့ကို အပြစ်တင်လို့
အပြစ်တင်ကမှန်းလည်း
မသိကြတော့ဘူး
အရာရာဟာ
မိုးနတ်မင်းကြီးရဲ့
အစီအစဉ်တိုင်းပဲ သူ့ဟာနဲ့သူ
နေသားကျနေရတယ်

( ဟင်း gu hai
bai luo yinနောက်
တစ်ခေါက်လာရင်
ငါ့မြေးကို အဖိုးအကြောင်းကြားမယ်)

Addicted (new imagination. book 3 )Where stories live. Discover now