PART-1

871 45 2
                                    


       ဒီနေ့Chaeရဲ့နှစ်ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့လေးပါ။Chaeမှာငယ်ငယ်ကတည်းကအဖေမရှိတော့ပါဘူး။Chaeရဲ့မေမေကသာChaeကိုစောင့်ရှောက်ခဲ့တာခုချိန်ထိပါပဲ။Chaeရဲ့ဘဝမှာလည်းမေမေသာအဓိကပါ။Chaeခုဆို Incheon National Universityမှာပညာတွေကိုသင်ယူခဲ့ပြီး အင်ချွန်းတက္ကသိုလ်မှာပဲ Tutorအဖြစ် အလုပ်ဝင်ခဲ့တာတစ်နှစ်ရှိပါပြီ။Chae ငယ်ငယ်လေးထဲကစာသိပ်တော်တဲ့အထဲမှာမပါခဲ့ပါဘူး။မေမေ့ရဲ့လမ်းညွှန်တည့်မတ်မှုတွေကြောင့်သာလမ်းမှန်တစ်ခုကိုလျှောက်လှမ်းနိုင်ခဲ့တာပါ။
     Chaeကိုလူ့ဘဝထဲကိုခေါ်ဆောင်လာခဲ့တဲ့ဖေဖေနဲ့မေမေကChaeကို "Park Chaeyoung" ဆိုတဲ့ရိုးရိုးယဥ်ယဥ်နာမည်လေးတစ်ခုကိုမှည့်ခေါ်ခဲ့ပါတယ်။Chaeကလူကြောက်တတ်တဲ့အကျင့်လေးရှိတယ်။ငယ်ငယ်ကဆိုမေမေမပါရင်မှုကြိုကိုခြေဦးတောင်မလှည့်ပါဘူး။ဆရာမကဆို "သမီးစာသင်မှာလား သမီးမေမေစာသင်မှာလား" လို့တောင်မေးယူရတယ်။မူလတန်းတက်တော့ဖေဖေနဲ့မေမေ​ကျောင်းကိုတူတူလိုက်ပို့ခဲ့တဲ့အချိန်တွေဟာ Chaeဘဝရဲ့အပျော်ဆုံးအချိန်တွေပါပဲ။ကလေးတစ်ယောက်ဆိုတော့ မိဘနဲ့ခွဲရပေမယ့် သူငယ်ချင်းတွေနဲ့ဆော့ရလို့ပျော်တာပေါ့။Chaeကဥာဏ်သိပ်မကောင်းတော့အိမ်ရောက်ရင်မေမေကစာပြပေးပါတယ်။ဒီလိုနဲ့Chae မူလတန်းကျောင်းကနေ အထက်တန်းကျောင်းကြီးဆီကိုပြောင်းပြီးတက်ခဲ့ရတယ်။Chaeကျောင်းပြောင်းတဲ့နှစ် အလယ်တန်းပထမနှစ်မှာဖေဖေဆုံးပါးသွားခဲ့ပါတယ်။ဖေဖေဆုံးသွားပေမယ့် မေမေအပြုံးမပျက်ခဲ့ပါဘူး။Chaeကြောင့်ဆိုတာ Chaeသိတာပေါ့။မေမေကဖေဖေ့ကိုအရမ်းချစ်တာလေ။ဒါပေမယ့်မေမေမငိုခဲ့ပါဘူး။သူအားကိူးတဲ့ ရွှေတောင်ကြီးပြိုလဲသွားပေမယ့်သူ့ကိုအားကိုးတဲ့သမီးအတွက် အံကြိတ်လို့ မာန်တင်းထားခဲ့ပါတယ်။
       ဖေဖေဆုံးပြီးတဲ့နှစ်မှာ Chae မလိမ်မာခဲ့ဘူး။ကျောင်းမှာစာတွေကိုလဲစိတ်ဝင်စားမှုမရှိတော့ဘူး။ဆရာမတွေထင်တာကတော့ဖေဖေဆုံးသွားလို့စိတ်ထိခိုက်ပြီး စာတွေကိုစိတ်မဝင်စားဘူးလို့ထင်ခဲ့ကြတယ်။တကယ်တော့ အဲ့လိုမဟုတ်ခဲ့ဘူးဆိုတာ Chaeပဲသိပါတယ်။ဆယ်ကျော်သက်အရွယ်မှာဖြစ်လေ့ရှိတဲ့ အချစ်ကိုရူးရူးမူးမူးသစ္စာစတင်ထိတွေ့မိခြင်းကြောင့်ပေါ့။Chaeတို့လိုမျိုးကျောင်းပြောင်းရွေ့လာခဲ့တဲ့ကျောင်းသားအသစ်တွေအဖို့ပတ်ဝန်းကျင်သစ်မှာနေသားမကျဖြစ်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာ Chaeကိုအစစအရာရာကူညီပေးခဲ့တဲ့တစ်ယောက်ရှိခဲ့ပါတယ်။သူကတော့ငယ်ငယ်တကည်းအဲ့ဒီကျောင်းမှာတက်လာခဲ့တဲ့ "Kang MinSoo" ဆိုတဲ့ကောင်လေးပါပဲ။အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် Chaeကလေးစိတ်နဲ့မြင်မြင်ချင်းချစ်ခဲ့မိတယ်။သူနဲ့သူငယ်ချင်းဖြစ်သွားတော့ Chaeလေ အရမ်းပျော်ခဲ့တာ။Chaeဖေဖေဆုံးတော့လဲ Chaeကိုအားမငယ်အောင်နှစ်သိမ့်ပေးခဲ့တာ သူပါပဲ။အဲ့ဒီအချိန်တုန်းက Chaeတို့ကငယ်ပါသေးတယ်။ဒါပေမယ့် သူ့ကိုChaeချစ်ခဲ့ပါတယ်။အားကိုးတာလဲပါတာပေါ့။Chaeမိုက်ခဲ့မိတယ်။Chaeစိတ်တွေကပေါက်တိကပေါက်ချာတွေဖြစ် သူတစ်ယောက်သာကမ္ဘာထင်လို့ထင် အချိန်ပြည့်သူအကြောင်းပဲခေါင်းထဲရောက်လိုရောက်။အို Chaeရူးသွားပြီတောင် ထင်တာ။ခုချိန် ပြန်တွေးမိရင်လေ Chaeကဖိုးလမင်းကြီးကို မရလို့ ငိုနေတဲ့ကလေးငယ်လိုပဲ။ကိုယ့်ကိုကိုယ်တောင် မသိလိုက်တဲ့အချိန်အတွင်းမှာပဲ Chaeစာတွေ ကိုစိတ်မဝင်စားတော့ဘူး။သူက သိတောင်မသိတာကို ကိုယ်တစ်ယောက်တည်းအရူးအမူးတွေဖြစ်နေတာ ရယ်ဖို့တောင်ကောင်းပါသေးရဲ့လေ...

Chaeကျောင်းမှာလည်းလေ စာတွေလဲလိုက်မရေးတော့ဘူး။Chaeရဲ့စာအုပ်ထဲမှာ ကျောင်းစာတွေရှိရမယ့်အစား သူ့အကြောင်းကဗျာတွေနဲ့ပြည့်လို့နေခဲ့တယ်။အဖြူရောင်ကိုအရောင်ဆိုးမိတာ Chaeအမှားတစ်ခုပေါ့။ဆရာမတွေပေးလိုက်တဲ့အိမ်စာတွေလုပ်ရမယ့်အစားသူ့အကြောင်းတွေကိုထိုင်ပြီးစိတ်ကူးယဥ်နေခဲ့မိတာ။ဂရုစိုက်မှုကိုလိုအပ်နေတယ့်Chaeကသူ့ရဲ့ဂရုစိုက်မှုတွေထဲမှာနစ်မြောမိတာပေါ့။Chaeရဲ့ပြောင်းလဲလာမှုတွေကို မေမေ​ကရိပ်မိတယ်လေ။အဲ့ရက်ပိုင်းတွေမှာ မေမေလဲအလုပ်တွေရှုပ်နေတာမို့Chaeကိုစာမပြပေးဖြစ်တာကြာပြီလေ။တစ်နေ့မှာတော့ မေမေကChaeရဲ့စာအုပ်တွေကို စစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာChaeစာအုပ်ထဲက ကွက်လပ်တွေကိုမြင်ပြီးမေမေစိတ်ဆိုးလိုက်တာမပြောပါနဲ့တော့။Chaeလဲ မေ့မေ့အပေါ်အားနာစိတ်တွေဝင်ခဲ့မိတယ်။အဲ့တာကြောင့် Chaeစာပြန်ကြိုးစားမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။မေမေကChaeကိုEnglish Classတစ်ခုJoin​ခိုင်းခဲ့တယ်။မေမေမသိတာတစ်ခုကတော့ အဲ့ဒီClassမှာ Minsoo တက်နေတယ်ဆိုတာပါပဲ။Chaeလဲမေမေ့အပေါ် အားနာစိတ်နဲ့စာပြန်ကြိုးစားခဲ့ပြီးသူ့ကိုတတ်နိုင်သမျှရှောင်ခဲ့ပါတယ်။ဒါပေမယ့် သူရဲ့ဂရုစိုက်မှုတွေကတော့ Chaeဆီကိုရောက်ဖြစ်အောင်ရောက်လာတုန်းပါပဲ။သူငယ်ချင်းတွေရဲ့မြှောက်ပင့်ပေးမှုတွေ အရောက်ပို့မှုတွေကြောင့် သူနဲ့Chaeပိုပြီးနီးစပ်လို့လာခဲ့ရပါတော့တယ်။မေမေ့အပေါ်လဲ အပြစ်တွေထပ်တလဲလဲကျူးလွန်နေမိပါတော့တယ်။Chaeသူ့ကို အချစ်ဦး လို့ သတ်မှတ်ပြီးအမှန်တကယ်ချစ်ခဲ့မိပါတယ်။Chaeတို့နှစ်ယောက်ကြားမှာ ထူးဆန်းတဲ့တစ်ချက်တော့ရှိခဲ့တယ်။တစ်ယောက်နဲ့တစ်ယောက် ချစ်သူရည်းစားတွေဆိုတဲ့အဆင့်ကိုရောက်ဖို့ဘယ်သူကမှရှေ့မတိုးခဲ့ကြပါဘူး။သူက Chaeကိုပြောဖူးတယ် "နင်က ငါ့ရဲ့မြတ်နိုးခြင်းလေးပဲ ငါတို့ရဲ့ဖြူစင်တဲ့အချစ်တွေကို အဖြူရောင်လေးအတိုင်းရှိနေစေချင်တယ် နင်ပျော်နေတာလေးပဲမြင်ချင်တာ Chaeရဲ့" တဲ့လေ။သူ့စကားလေးတွေမှာChaeကြည်နူးမိခဲ့တယ်လေ။Chaeတို့အချစ်တွေအေးချမ်းခဲ့ပါတယ်။ဒါပေမယ့် Chaeတစ်ယောက်တည်းခံစားချက်တွေနဲ့ ပူလောင်နေခဲ့မိတာ။ဟာသတစ်ခုတော့ဖြစ်နေမလားမသိဘူး။မေမေဘယ်လောက်ပြောပြောနားမဝင်ခဲတဲ့Chaeက သူနောက်ဆုံးမှာခဲ့တဲ့ စကားလေးတစ်ခွန်းကို တစ်သဝေမတိန်းလိုက်နာခဲ့တယ်လေ။သူ Chaeဆီက ထွက်သွားတုန်းကဆိုလေ ယုံတောင်မယုံနိုင်ခဲ့ပါဘူး.........
#TBC
8/8/2021

SERENITY Where stories live. Discover now