PART-13

320 45 2
                                    


        Chaeကလေးရဲ့ဆန္ဒအတိုင်းကျောင်းမှာပြန်အိပ်ခဲ့ရပေမယ့်ကလေးကိုနည်းနည်းလေးမှစိတ်မချနိုင်။စိတ်ပူခြင်းများစွာဖြစ်နေပေမယ့်Chaeလည်းပင်ပန်းမှုကိုမခံနိုင်တဲ့အဆုံးအိပ်ပျော်သွားမိတယ်။ကလေးကတော့အတွေးထဲကနေအိပ်မက်ထဲထိတောင်အလည်လာလိုက်သေး။Chaeအိပ်ပျော်သွားလိုက်တာကျောင်းကဝတ်ပြုသံတွေကြားမှနိုးလာတော့တယ်။နိုးလာတာနဲ့ကလေးအဆင်ပြေပါ့မလားဆိုတဲ့အတွေးကအရင်ဆုံးခေါင်းထဲရောက်လာခဲ့တယ်။ကလေးဆီသွားရမယ်ဆိုတဲ့စိတ်နဲ့ရုတ်တရက်ထလိုက်တာမို့ခေါင်းထဲမှာတောင်နောက်သွားတယ်။ကလေးအနားမှာရှိနေပေးချင်တာမို့ဒီနေ့အတွက်Chaeခွင့်ယူထားခဲ့တာ။မျက်နှာသစ်ပြီးတော့စားဖိုဆောင်ထဲကိုသွားပြီးအန်တီကြီးတွေကိုကူလုပ်ပေးရင်းကလေးအတွက်​ကြက်သားပြုတ်ရည်နဲ့မြူစွမ်လေးကိုကိုယ်တိုင်ပြုတ်ပေးလိုက်တယ်။ကလေးကဆန်ပြုတ်မကြိုက်ဘူးလေ။ပြီးတော့သူ့ကိုအားရှိစေချင်တာလည်းပါတာပေါ့။ကလေးကိုပူပူလေးစားရအောင်မြူစွမ်ပြုတ်ပြီးတာနဲ့Chaeစက်ဘီးလေးနဲ့ထွက်လာခဲ့တယ်။စက်ဘီးနဲ့ဆိုရင်ဆေးရုံကိုနာရီဝက်လောက်စီးရတယ်။မြန်မြန်နင်းလာခဲ့တာကြောင့်ဆေးရုံကိုရောက်တော့Chaeအရမ်းမောနေခဲ့တာ။ဆေးရုံထဲကိုဝင်လာတော့သားဖွားဆောင်ရှေ့မှာကလေးကိုကုပေးနေတဲ့ဆရာဝန်မလေးနဲ့တွေ့တယ်။

      "Chae အမောတကောနဲ့ပါလား"

      "ဟုတ် ဒေါက်တာ Chaeစက်ဘီးကိုအမြန်နင်းလာလို့"
 
    "အရမ်းမောလာတာလား  ဒီမှာရေအေးအေးလေးသောက်လိုက်အုံး"
 
    ဒေါက်တာကသူ့ရေဘူးလေးကိုChaeကိုပေးရင်းပြောတော့
 
    "ရတယ်ဒေါက်တာ အထဲရောက်မှသောက်တော့မယ်"
 
    "မောနေတာကို သောက်ပါ"
 
      Chaeကိုစေတနာနဲ့တိုက်နေတာမို့Chaeလည်းအရမ်းမောနေတာကြောင့်မငြင်းတော့ပဲသောက်လိုက်တယ်။
 
     "ကျေးဇူးပါရှင့် ခုမှပဲအမောပြေသွားတော့တယ်"
 
      "ရပါတယ် ညီမလေးတပည့်ဆီသွားမလို့လား အစ်မလည်းသွားမလို့ အတူတူသွားမယ်လေ"

    "ဟုတ် LiLiလေးသက်သာရဲ့လားဒေါက်တာ"

ဒေါက်တာနဲ့အတူတူစကားတပြောပြောနဲ့လမ်းလျှောက်လာခဲ့တယ်
 
      "အင်း သက်သာတယ်ညီမလေး နက်ဖြန်ဆိုဆေးရုံဆင်းလို့ရပြီ နောက်ဆိုအဲ့ကလေးကိုပိုဂရုစိုက်ပေးဖို့လိုမယ်နော်"

      " ဟုတ်ကဲ့ Chaeတို့အလုပ်တွေရှုပ်နေတာကြောင့်Lisaကိုဂရုမစိုက်မိသလိုဖြစ်သွားတာ"

   "ဆေးတွေကိုလည်းပုံမှန်သောက်ဖို့သူ့ကိုသတိပေးပါနော်"

   "ဟုတ် ဒေါက်တာကိုလည်းကျေးဇူးတင်ပါတယ် LiLiလေးကိုသေချာကုသပေးတဲ့အတွက်ကြောင့်"

SERENITY Where stories live. Discover now