PART-14

278 39 2
                                    


      Chaeတို့ဆေးရုံကိုပြန်ရောက်ပြီးဆိုင်ကယ်ရပ်တော့ဒေါက်တာ့ကိုကျေးဇူးတင်စကားပြောပြီးကလေးဆီကိုခပ်သွက်သွက်ပြန်လာခဲ့တယ်။ကလေးတစ်ယောက်တည်းထားခဲ့ရတာတကယ်ကိုစိတ်မချတာ။ကလေးအနားကိုရောက်တော့အနားမှာဒေါက်တာစောင့်ခိုင်းပေးထားတဲ့သူနာပြုအစ်မထင်ပါရဲ့ ကလေးမပျင်းအောင်စကားတွေပြောပေးနေတာ။

     "Unnie ပြန်ရောက်ပြီလား"

     "ရောက်ပြီညီမလေးရဲ့"
 
    "ဒီကအစ်မကိုလည်းကျေးဇူးတင်ပါတယ်နော် LiLiလေးကိုစောင့်ပေးလို့"
 
   "ရပါတယ်မလိုပါဘူးကွယ် ဒါဆိုအစ်မသွားတော့မယ်နော်"
 
  သူနာပြုအစ်မထွက်သွားတော့ကလေးက
  
    "Unnie ပြောတော့ဆန်ပြုတ်ဝယ်ဆို ကြာလိုက်တာအရမ်းပဲ unnieအတွက်ရောဘာမှဝယ်မလာခဲ့ဘူးလား"

     "ဒါကဒီလိုရှိပါတယ်ရှင့် ဒေါက်တာကထမင်းလိုက်ကျွေးနေလို့ကြာသွားတာညီမလေးရဲ့"

    "ဒါဆိုunnieကထမင်းစားပြီးပြီပေါ့ ဟိုဒေါက်တာကြီးကလဲ ဘာလဲဗျာ unnieကိုမနက်စာလည်းလိုက်ကျွေးတယ် နေ့လည်စာလည်းကျွေးတယ် unnieကိုကြိုက်နေတာလား"

    ဒီကလေးနဲ့တော့ ကိုယ့်စကားကဘယ်ရောက်မှန်းမသိပြောနေတာ။နှုတ်ခမ်းလေးကိုချွန်ချွန်ပြီးမျက်ခုံးလေးပင့်ကာပင့်ကာပြောနေလိုက်တာ စိတ်ဆိုးစရာမဖြစ်ပဲ အသည်းယားဖို့ကောင်းနေရော။

    "ဟာ ဒီကောင်မလေး unnieတို့ကမိန်းကလေးတွေလေ ဘယ်လိုကြိုက်မှာတုန်း ဒေါက်တာနဲ့unnieကလည်းခင်နေလို့ထမင်းလိုက်ကျွေးတာပါ ရွှေစိတ်တော်များမညှိုးနွမ်းတော်မူပါနဲ့"

    "မသိဘူးဗျာ သမီးတောင်unnieကိုချစ်နေ...."

     "ဟမ် ညီမလေးဘာပြောတာလဲ"
  
      ကလေးကစကားကိုပြောနေရင်းရုတ်တရက်ရပ်သွားတာမို့Chaeမေးလိုက်တာပါ။Chaeကလေးကိုကြည့်လိုက်တော့ကလေးကမျက်လုံးချင်းမဆုံပဲသူ့အကြည့်တွေကိုဆေးရုံကြမ်းပြင်ဆီကိုပို့လိုက်တယ်။

     "မဟုတ်ပါဘူး သမီးထက်ဘယ်သူ့ကိုမှပိုမခင်ရဘူးလို့ပြောမလို့"

    "ခင်ပါဘူးကွာ ဒီဂျစ်တူးလေးထက်ဘယ်သူကချစ်ဖို့ကောင်းမှာမို့လဲ"

    "သိတယ်လေ သမီးလောက်ဘယ်သူမှချစ်ဖို့မကောင်းဘူးဆိုတာ"

    မာန်တက်နေသလိုမျက်နှာလေးကိုမော့ပြီးမေးစေ့က်ုလက်လေးနှစ်ချောင်းထောက်ပြီးပြောတော့နှစ်ယောက်သားရယ်သံတွေကအဆောင်တစ်ခုလုံးမလွှမ်းမိုးရုံတမယ်။ကလေးနဲ့ရှိနေချိန်တိုင်းမှာပျော်ရွှင်ရပါတယ်။

  "တော်ပြီ လိပ်မလေးရေ ဆန်ပြုတ်သောက်ရအောင်"

      Chaeခုနကတည်းကဇလုံထဲမှာအဆင်သင့်ထည့်ထားတဲ့ဆန်ပြုတ်လေးကနွေးနွေးလေးဖြစ်နေပြီမို့ကလေးလက်ထဲထည့်မပေးသေးပဲChaeပဲကိုင်ထားတယ်။ခါတိုင်းလိုunnieခွံ့ကျွေးပါလို့ဂျစ်တူးလေးကဂျစ်တိုက်အုံးမလားလို့လေ။

SERENITY Where stories live. Discover now