PART-17

383 40 7
                                    


     Chaeရဲ့လွင့်​မြောနေတဲ့အသိစိတ်ကိုပြန်လည်စုစည်းပေးလိုက်တာကတော့Chaeအိပ်ထဲကဖုန်းသံသာ။မေမေဆက်တာပဲဖြစ်ပါလိမ့်မည်။ခုလိုစိတ်အခြေအနေနဲ့မည့်သည့်ဖုန်းကိုမှကိုင်မှာမဟုတ်ပေမယ့်မေမေ့ဖုန်းဆိုတဲ့အသိစိတ်နဲ့ကိုင်လိုက်တော့မေမေ့ရဲ့စိတ်ပူမှုတွေကိုChaeဖျောက်ဖျက်ပေးနိုင်လိုက်တယ်။Chae ကျောင်းကိုဘေးကင်းစွာရောက်တယ်ဆိုတော့မေမေစိတ်ချနိုင်ပြီမလား။Chaeရဲ့ညှိုးငယ်နေတဲ့အသံကိုတော့မေမေ့ကိုဖုံးမထားနိုင်ခဲ့ ခရီးပန်းနေလို့ပါဆိုတဲ့စကားလေးနဲ့သာညာခဲ့ရတယ်။မေမေနဲ့ဖုန်းပြောပြီးတော့လက်ရှိအခြေအနေကိုစိတ်ကပြန်လည်လာခဲ့တယ်။ Jisoo unnieကတော့စိတ်ပူစွာမျက်နှာသေလေးနဲ့Chaeကိုကြည့်နေရှာတယ်။Chaeမေးလာမယ့်မေးခွန်းတွေအတွက်အဖြေအဆင်သင့်ရှိနေတဲ့ပုံစံနဲ့ပေါ့။Chae အသံကိုအတတ်နိုင်ဆုံးငြိမ်အောင်ထိန်းလိုက်ပြီး

   "Unnie chaeကိုအဖြစ်အပျက်အလုံးစုံပြောပြပေးပါလားဟင်"

     "Lisaလေးကို သူ့အမေပြန်ခေါ်သွားတာ"
 
        Unnieကဒီတစ်ခွန်းပဲပြောပြီးဘာမှဆက်မပြော။ကလေးကိုChaeသူ့အမေရင်ခွင်ထဲပြန်ရောက်စေချင်နေခဲ့တာကြာပြီမလား။ဝမ်းနည်းစိတ်ကြားမှကြည်နူးမှုလေးကတိုးထွက်လာသေးတယ်။တစ်ချိန်ချိန်မှာChaeတို့နှစ်ယောက်ခွဲရမယ်ဆိုတာကလေးရော Chaeရောသိထားကြတဲ့ဖြစ်ရပ်ပါ။ဒါပေမယ့်စိတ်ကိုပြင်ဆင်ချိန်မရလိုက်ပဲမှာချင်တဲ့စကားလေးတွေတောင်မမှာလိုက်ရပဲရုတ်တရက်ခွဲခွာခြင်းကိုChaeခံနိုင်ရည်မရှိခဲ့ဘူး။

   "သူ့အမေကချမ်းချမ်းသာသာပုံစံမို့Lisaလေးအတွက်အဆင်ပြေမှာပါ"

    ဘဝမှာပျော်ရွှင်ဖို့ငွေဆိုတာလိုအပ်သင့်သလောက်လိုအပ်ပေမယ့်မေတ္တာတရားကလည်းအပြည့်အဝလိုအပ်သေးတယ်။ကလေးရဲ့အမေက ကလေးကိုပြည့်စုံကြွယ်ဝစွာထားနိုင်ပေမယ့်ကလေးအမှန်တကယ်လိုအပ်နေတဲ့မေတ္တာတွေကိုရောပေးနိုင်ပါ့မလား။Chaeဒါကိုတော့အရမ်းစိုးရိမ်မိတယ်။

   "LiLiလေးကလည်း သူ့အမေနဲ့တွေ့ရလို့ပျော်နေတဲ့ပုံပဲ"

         ဟုတ်ပြီ Chaeလိုချင်တာဒါပဲလေ ကလေးရဲ့ပျော်ရွှင်မှု။ကလေးပျော်ရွှင်ရမယ် စိတ်ချမ်းသာမယ်ဆိုရင်Chaeပြုံးပြုံးကြီးဝမ်းသာပေးနေမှာ​။Chaeပေးနိုင်တဲ့မေတ္တာထက်ကလေးရဲ့အမေပေးတဲ့မေတ္တာတွေက ကလေးကိုပိုပြီးလုံခြုံနွေးထွေးစေမှာပါ။

SERENITY Where stories live. Discover now